7.2.24-yyl-2.jpg

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုစွဲချက်ကြောင့် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းတွေဖြတ်ထုတ်ခံရတဲ့ Squid Game သရုပ်ဆောင်အိုယောင်ဆု

နာမည်ကြီးစီးရီး Squid Game မှာ “Player 001” အဖြစ် သရုပ်ဆောင်ခဲ့ပြီး ရွှေကမ္ဘာလုံးဆုရရှိထားတဲ့ အသက် ၇၉ နှစ်အရွယ် တောင်ကိုရီးယားမင်းသားကြီး အိုယောင်ဆုဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရပါတယ်။…

5.2.24-yyl-4.jpg

ဖခင်ကို ကွမ်းဖြတ်အောင် ပိုစတာတွေ ထောင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ

ကွမ်းစားတာ အကျင့်ပါနေတဲ့ ဖခင်ကို ကွမ်းဖြတ်ဖို့ ဖိအားပေးခဲ့တဲ့ ထိုင်ဝမ်ကျောင်းသူတစ်ယောက်ရဲ့လုပ်ရပ်က အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသူ လျူက သူ့အဖေ ကွမ်းစားတာကို မကြိုက်ပါဘူး။ သူ့အဖေက ၁၀ နှစ်ကျော် ကွမ်းစားလာခဲ့သူပါ။ ကွမ်းမစားဖို့ ခဏခဏ ပြောပေမဲ့…

5.2.24-yyl-2.jpg

ဆိပ်ကမ်းမှ container ထဲမှာ ၈ ရက်ကြာ ပိတ်မိနေတဲ့ ခွေးလေးတစ်ကောင်ကို ကယ်တင်နိုင်ခဲ့

ဆိပ်ကမ်းမှ container တွေကို သွားရောက်စစ်ဆေးခဲ့တဲ့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ container ထဲမှာ ၈ ရက်ကြာ ပိတ်မိနေတဲ့ ခွေးလေးတစ်ကောင်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ရေတပ်အရာရှိ မက်မာဟွန် ဦးဆောင်တဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဟူစတန် – ဂယ်ဗီစတန်ကမ်းရိုးတန်းမှ container…

5.2.24-yyl-1.jpg

နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို အလည်အပတ်သွားခဲ့ပြီးပြီဖြစ်တဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီး

လုဆာယုအမည်ရတဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးက ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို အလည်အပတ်သွားရောက်မယ်ဆိုတဲ့ သူ့ရဲ့ရည်မှန်းချက်ပြည့်သွားခဲ့ပါပြီ။ အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့ပြီလို့ သူက ပြောပါတယ်။ လုဆာယုဟာ ဖိလစ်ပိုင်မှာနေထိုင်ခဲ့စဉ် ငယ်ငယ်ကတည်းက ခရီးထွက်ရဖို့ အမြဲအိပ်မက်မက်ခဲ့တာပါ။ သူ…

4.2.24-yyl-8.jpg

အသက်အကြီးဆုံး အမျိုးသားGame Streamer အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အသက် ၈၈ နှစ်အရွယ် Gamer

တရုတ်နိုင်ငံက အသက် ၈၈ နှစ်အရွယ်အမျိုးသားဟာ အသက်အကြီးဆုံးအမျိုးသား Game Streamer အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့ပါတယ်။ “Gamer Grandpa” လို့ ချစ်စနိုးခေါ်ကြတဲ့ ရန်ဘင်လင်းက လွန်ခဲ့တဲ့ ၄ နှစ်က တရုတ်နိုင်ငံရဲ့ဗီဒီယိုမျှဝေတဲ့ပလပ်ဖောင်းဖြစ်တဲ့ Bilibili မှာ…

4.2.24-yyl-7.jpg

ဂရမ်မီဆု ၃ ဆုရရှိပြီး မကြာခင် အဖမ်းခံလိုက်ရတဲ့ ရက်ပ်အဆိုတော် ကေလာ မိုက်ခ်

ရက်ပ်အဆိုတော် ကေလာမိုက်ခ်လို့ သိကြတဲ့ မိုက်ကယ် ရန်ဒါဟာ တနင်္ဂနွေနေ့ညက ဂရမ်မီဆု ၃ ဆုရရှိပြီး မကြာခင်မှာပဲ ဖမ်းဆီးခံခဲ့ရပါတယ်။ ကေလာမိုက်ခ်ကို ဂရမ်မီဆုပေးပွဲကျင်းပရာနေရာဖြစ်တဲ့ Crypto.com ကွင်းအပြင်ဘက်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ Chick Hearn Court ရဲ့…

4.2.24-yyl-4.jpg

ချီလီနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၁၂ ဦး သေဆုံး

ချီလီနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၁၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက အတည်ပြုပါတယ်။ ချီလီနိုင်ငံရဲ့ ကမ်းရိုးတန်းဒေသဖြစ်တဲ့ ဗယ်ပါရိုင်ဆိုမြို့မှာ တောမီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ချီလီနိုင်ငံရဲ့ လူသေဆုံးမှု အများဆုံး တောမီးလောင်ကျွမ်းမှုလည်း ဖြစ်ပါတယ်။ ချီလီသမ္မတ ဂါဘရီယယ်ဘောရစ်က…

4.2.24-yyl-2.jpg

မိသားစုထံမှ ငွေတောင်းဖို့ ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံရသယောင် ဟန်ဆောင်ခဲ့သူကို နိုင်ငံတကာရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံရသယောင် ဟန်ဆောင်ပြီး မိသားစုထံမှ ငွေတောင်းခံခဲ့တဲ့ ဗြိတိန်အမျိုးသားတစ်ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အင်္ဂလန်နိုင်ငံ၊ ပို့စ်မောက်မြို့မှာ နေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသား ရော်ဘီဒေးဟာ ပျော်ပါးစရာတွေ များလွန်းလို့ ပါတီမြို့လို့ တင်စားတဲ့ ပတ္တရားမြို့ကို…

2.2.24-yyl-9.jpg

အိုင်းစတိုင်း၊ စတီဖင်ဟော့ကင်းတို့နဲ့ ဉာဏ်ရည်တူတဲ့ ၁၂ နှစ်သား

အိုင်းစတိုင်း၊ စတီဖင်ဟော့ကင်းတို့နဲ့ ဉာဏ်ရည်တူသူ(IQ score)အဖြစ် သတ်မှတ်ခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ်ဟာ ဉာဏ်ရည်အလွန်မြင့်မားသူများအဖွဲ့ဝင် (The Mensa Society) ဖြစ်လာခဲ့ပါပြီ။ ဟောင်ကောင်မှာ မွေးဖွားခဲ့ပြီး မိသားစုနဲ့အတူ ဗြိတိန်ကို ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ်…

2.2.24-yyl-4.jpg

ကျိုတိုကဖေးဆိုင်ရဲ့ အစစ်အလား ထင်မှတ်မှားစေတဲ့ ပန်းပွင့်ရေခဲမုန့်

ဂျပန်နိုင်ငံ ကျိုတိုမြို့မှာ ဖွင့်လှစ်ထားတဲ့ ကဖေးဆိုင်ကတော့ ပန်းပွင့်အစစ်လား ထင်မှတ်မှားစေတဲ့ ရေခဲမုန့်တွေ ဖန်တီးမှုကြောင့် လူကြိုက်များ ကျော်ကြားနေပါတယ်။ ရှီဇန်း (သဘာဝလို့ အဓိပ္ပာယ်ရ) လို့ အမည်ပေးထားတဲ့ ကဖေးဆိုင်ဟာ ရာသီပေါ် ပန်းတွေအလိုက် ပန်းပွင့်ပုံရေခဲမုန့်တွေ ဖန်တီးရောင်းချနေတာပါ။…