သွေးကင်ဆာရောဂါပျောက်ကင်းပြီး ကျောင်းပြန်လာတဲ့ ကလေးလေးကို ကျောင်းတစ်ကျောင်းလုံးက တန်းစီစောင့်ကြိုဂုဏ်ပြု
ကင်ဆာရောဂါက သေစေနိုင်တဲ့ရောဂါတစ်မျိုးပါ။ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်သေဆုံးသူ (၆) ဦးမှာ တစ်ဦးလောက်က ကင်ဆာရောဂါကြောင့်ပါ။ ကင်ဆာရောဂါပျောက်ကင်းဖို့ တွန်းလှန်ကျော်လွှားရတာကလည်း စိန်ခေါ်မှုတစ်ခုပါပဲ။ ဒါကြောင့် ကင်ဆာရောဂါကိုတွန်းလှန်ပစ်နိုင်တဲ့သူတွေကို ဂုဏ်ပြုပေးသင့်ပါတယ်။ ကလေးလေးတစ်ယောက်ဆိုရင် သွေးကင်ဆာရောဂါကို အလဲထိုးလိုက်နိုင်တဲ့အတွက် သူ့ရဲ့ကျောင်းက ကြည်နူးစရာအပြုအမူလေးနဲ့ ဂုဏ်ပြုပေးခဲ့ကြပါတယ်။…

