သတိလစ်မေ့မြောနေတဲ့သခင်ရဲ့အသက်ကိုကယ်နိုင်ဖို့ လူနာတင်ယာဉ်ကို လမ်းပြခေါ်ပေးခဲ့တဲ့ခွေးလေး
ပြီးခဲ့တဲ့သီတင်းပတ်ရဲ့ဗုဒ္ဓဟူးနေ့က အမျိုးသားတစ်ဦးဟာ ရှန်စီ (Shanxi) စီရင်စု၊ ယွန်ချန် (Yuncheng) ရပ်ကွက်လေးအတွင်းက လမ်းကြားတစ်နေရာမှာ သတိလစ်မေ့မြောနေခဲ့ပါတယ်။ ဒီအကြောင်းကို အာဏာပိုင်တွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေဟာ ခွေးလေးတစ်ကောင်ကတစ်ဆင့် အသိပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

