မြို့နယ်ကိုယ်စားပြုဂဏန်းနဲ့ ကားအမျိုးအစားပါရှိတဲ့ မော်တော်ယာဉ်နံပါတ်ပြားတွေကို ဇူလိုင်လဆန်းကစတင်ပြီးပြောင်းလဲတပ်ဆင်ရမယ်လို့ ကညနကြေညာ

9-6-2-21-yl-55.jpg

အခုနှစ်ဇူလိုင်လဆန်းကစတင်ပြီး မြို့နယ်ကိုယ်စားပြုဂဏန်းနဲ့ ကားအမျိုးအစားပါရှိတဲ့မော်တော်နံပါတ်ပြားတွေကို ပြောင်းလဲတပ်ဆင်ရမယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တိုင်းဒေသကြီး/ပြည်နယ်ဒေသ သင်္ကေတ၊ မြို့နယ်ကိုယ်စားပြု၊ ဂဏန်းဖော်ပြချက်နဲ့ မော်တော်ယာဉ်အမျိုးအမည်ဖော်ပြချက်ပါရှိတဲ့ အင်္ဂလိပ်အက္ခရာ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားတွေကို ပထမအဆင့်အနေနဲ့ ကနဦးမှတ်ပုံတင်ယာဉ်တွေ၊ နယ်အဝင်/အထွက်ယာဉ်တွေ၊ အမည်ပြောင်းယာဉ်တွေနဲ့ ယာဉ်ပိုင်ရှင်တွေဆန္ဒအရပြောင်းလဲချင်သူတွေကို ဇူလိုင်လဆန်းကစတင်ပြီး ပြောင်းလဲတပ်စဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မော်တော်ယာဉ်နံပါတ်ပြားကို အခြားတရားမဝင်ယာဉ်တွေမှာ တပ်ဆင်အသုံးပြုနေခြင်းကို ထိန်းချုပ်တားဆီးနိုင်မှာဖြစ်တဲ့အပြင် မော်တော်ယာဉ်တည်ရှိတဲ့မြို့နယ်ကိုပါ ခွဲခြားသိရှိနိုင်မှာဖြစ်ပြီး ယာဉ်နံပါတ်ပြားနဲ့ မော်တော်ယာဉ်တိကျမှန်ကန်စေမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top