ယူရေးနပ်စ် (Uranus) ဂြိုဟ်နဲ့ နက်ပ်ကျွန်း (Neptune) ဂြိုဟ်တွေပေါ်မှာ စိန်မိုးရွာသွန်း

41948701_1381487678649641_4286640887716380672_n.jpg

လူတွေပြောလေ့ရှိတဲ့စကား ”ကောင်းကင်ကနေ ရွှေမိုး ငွေမိုးရွာတယ်” ဆိုတာမျိုးဟာ မျှော်လင့်ချက်အဖြစ်သာရှိနေတာဖြစ်ပြီး တကယ့်လက်တွေ့ဘဝမှာတော့ အနာဂတ်ကောင်းစားရေးအတွက် သေလုမြောပါး ပြေးလွှားလုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ ဒါပေမယ့် သင်ကသာ ဒီဂြိုလ် ၂ လုံးပေါ်မှာ ရှိနေခဲ့မယ်ဆိုရင်

ဒါဟာမျှော်လင့်ချက် အိပ်မက်မဟုတ်ပါဘူး။ ကျွန်တော်တို့ နေစကြဝဠာထဲက အရမ်းထူးဆန်းတဲ့ ယူရေးနပ်စ်နဲ့ နက်ပ်ကျွန်းဂြိုဟ် ၂ လုံးပေါ်မှာတော့ မိုးရွာတာမဟုတ်ဘဲ စိန်တုံးတွေရွာနေတာဖြစ်ပါတယ်။

ဒီဂြိုဟ် ၂ လုံးဟာ အပြာရောင်ဖြစ်နေတာကိုတော့ အတော်များများက သိကြမှာပါ။ ဒါဟာ သူတို့ရဲ့ လေထုထဲမှာ များပြားလှတဲ့ မီသိန်း (Methane) ဓာတ်ငွေ့တွေနဲ့ဖုံးလွှမ်းနေတာကြောင့်ဖြစ်ပါတယ်။ (Methane ဆိုတာ CH 4 ဖြစ်ပါတယ်။ ကာဘွန် C တစ်ဆနဲ့ ဟိုက်ဒရိုဂျင် လေးဆပေါင်းစည်းထားတာဖြစ်ပါတယ်)

 

သိပ္ပံပညာရှင်တွေက မီသိန်းဓာတ်ငွေ့တိမ်တိုက်တွေကို မိုးကြိုးထိမှန်တဲ့အခါ ကာဘွန်အက်တမ်ဟာ ပြိုကွဲထွက်သွားပြီး သူ့ဟာသူ လေထုထဲမြောနေလိမ့်မယ်လို့ ဆိုပါတယ်။ ဒီကာဘွန်တွေဟာ နောက်ပိုင်းမှာတော့ တစ်ခုနဲ့တစ်ခု ပြန်လည်ပေါင်းစည်းသွားပြီး ကာဘွန်တိမ်တိုက်တွေအဖြစ် ပုံစံပြောင်းလဲကာ လေထုရဲ့အောက်ခြေနား(အပူချိန်နဲ့ဖိအား ပြင်းထန်စွာမြင့်တက်နေတဲ့နေရာ) ကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ အဲဒီ အပူချိန်နဲ့ဖိအားကပဲ ဒီကာဘွန်အက်တမ်တွေကို ဖိညှစ်သိပ်လိုက်သလိုဖြစ်သွားပြီး သန့်စင်တဲ့ ကာဘွန်အတုံးအခဲလေးတွေကို ဖြစ်ပေါ်လာစေပါတယ်။ ဟုတ်ပါတယ်။ သန့်စင်တဲ့ ကာဘွန်အတုံးအခဲကလေးတွေကို မိုးအဖြစ်ရွာချရာမှာ စိန်မိုးရွာသွန်းတယ်ရယ်လို့ ဖြစ်သွားတာပါ။

ကျွန်တော်တို့ နေစကြဝဠာထဲက အခြားသောဂြိုဟ်တွေမှာလည်းပဲ ဒီလိုစိန်မိုးရွာနိုင်တဲ့ မီသိန်းဓာတ်ငွေ့ပမာဏ ရှိနေကြပါတယ်။ ဒါပေမယ့် ဒီအပြာရောင် ဂြိုဟ် ၂ လုံးမှာသာ မိုးအဖြစ်ပြန်ရွာချလောက်တဲ့ မီသိန်းဓာတ်ငွေ့ပမာဏ ရှိနေတာပါ။ ဒါပေမဲ့လည်း ဒါတွေအားလုံးဟာ ခန့်မှန်းချက်အနေနဲ့ပဲရှိနေတာ ဖြစ်ပါတယ်။ လူသားတွေက ဒီဂြိုဟ် ၂ လုံးရဲ့ လေထုထဲကို တစ်ခါမှ မရောက်ဖူးတာကြောင့် တကယ်ပဲ စိန်မိုးရွာသွန်းနေသလား ဆိုတာကို အတိအကျ မသိန်ိုင်ပါဘူး။ ဒီလိုခန့်မှန်းချက်တွေဟာ ဩဂုတ်လ 2018 ထုတ် ”Nature Astronomy” ဂျာနယ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

“Matter in Extreme Condition” လို့ခေါ်တဲ့ စမ်းသပ်ကိရိယာကို အသုံးပြုပြီးတော့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဂြိုဟ်တွေပေါ်က ကာဘွန်နဲ့ ဟိုက်ဒရိုဂျင်ပါဝင်မှု အချိုးအစားအတိုင်း ပါဝင်နေတဲ့ (မီသိန်း ဓာတ်ငွေ့အတု) တွေကို X ray ရိုက်ခတ်စေတဲ့အခါ ဓာတ်ငွေ့အတုထဲက ကာဘွန်အက်တမ်လေးတွေဟာ အင်မတန်သေးငယ်တဲ့ ကာဘွန်အတုံးအခဲ (စိန်ပွင့်) လေးတွေအဖြစ်ပြောင်းသွားတာတွေ့ရပါတယ်။ အဲဒီစိန်ပွင့်ကလေးတွေဟာ စက္ကန့်ပိုင်းမျှသာ တာရှည်ခံတာဖြစ်ပေမဲ့ ဒီအပြာရောင် ဂြိုဟ် ၂ လုံးပေါ်မှာ စိန်မိုးရွာတာ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းကို လေ့လာနိုင်ခဲ့ကြပါတယ်။

Ref: Curiosity ”It rains diamonds on Uranus and Neptune”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top