၂၀၂၄ ခုနှစ်အထိ ကားအားလုံးရောင်းချပြီးသွားတဲ့ ဇိမ်ခံ Sports ကားကုမ္ပဏီ လမ်ဘော်ဂီနီ

29-8-2022-yyl-06.jpg

အီတလီဇိမ်ခံ Sports ကားကုမ္ပဏီ လမ်ဘော်ဂီနီက သူတို့ရဲ့ကားအားလုံးကို ၂၀၂၄ ခုနှစ်စာအထိ ရောင်းချထားပြီဖြစ်ပြီး ဝယ်လိုအားမြင့်မားနေပါတယ်။ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်ကျော်အတွင်း ရောင်းချ၊ ပေးပို့ခဲ့တဲ့ ကားအစီးရေ (၅၀၉၀) အထိရှိပြီး အော်ဒါမှာယူမှုနဲ့ ရောင်းချမှုအရ စံချိန်တင်ရလဒ်တွေ ရရှိနေပါတယ်။ လမ်ဘော်ဂီနီကုမ္ပဏီဟာ နောက် (၁၈) လအထိလည်း အော်ဒါတွေ ပြည့်နေပါတယ်။

ကမ္ဘာ့စီးပွားရေးက မသေချာမရောရာမှုတွေ ဆက်လက်ကြုံတွေ့နေရပေမဲ့ ချမ်းသာကြွယ်ဝတဲ့ဖောက်သည်တွေကတော့ လမ်ဘော်ဂီနီကားတွေကို လိုချင်တပ်မက်နေကြပါတယ်။ လမ်ဘော်ဂီနီက ကားမော်ဒယ်တစ်ခုချင်းစီရဲ့hybrid ဗာရှင်းကို ၂၀၂၄ ခုနှစ်မှာ ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ ပထမဆုံးလျှပ်စစ်လမ်ဘော်ဂီနီကားကိုတော့ ဆယ်စုနှစ်ကုန်မှာ ထုတ်ဖို့ စီစဉ်နေပါတယ်။

လမ်ဘော်ဂီနီက စံချိန်တင်ရောင်းချမှုနဲ့အမြတ်အစွန်းတွေရရှိခဲ့တဲ့ အကောင်းဆုံးနှစ်ဝက်ဖြစ်တယ်လို့ ဩဂုတ်လအစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကာလအတွင်း ရောင်းအားရဲ့ ၆၁ ရာခိုင်နှုန်းက ကုမ္ပဏီရဲ့ SUV (Super Sport Utility Vehicle) အမျိုးအစား the Lamborghini Urus ကားတွေ ရောင်းချခဲ့ရတာဖြစ်ပါတယ်။

Ref: Italian Luxury Sports Carmaker Lamborghini Has Sold Out All Its Cars Until 2024

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top