နာရီ ၆၀ ကြာ လှဲလျောင်းနေပြီး လှဲလျောင်းပြိုင်ပွဲမှာ အနိုင်ရခဲ့သူ

29-8-2022-yyl-07.jpg

မွန်တီနီဂရိုးနိုင်ငံ ဘရက်ဇ်နာရွာမှာ နှစ်စဉ်နှစ်တိုင်း လှဲလျောင်းပြိုင်ပွဲ ကျင်းပလာခဲ့တာ ဒီနှစ်ဆိုရင် ၁၂ ကြိမ်မြောက် ရှိပါပြီ။ ဒီပြိုင်ပွဲမှာ အချိန်အကြာဆုံး လှဲလျောင်းနိုင်တဲ့သူက အနိုင်ရတာပါ။ ပြိုင်ပွဲဝင်တွေဟာ ဖုန်း၊ စာအုပ် အစရှိတဲ့ ပစ္စည်းတွေယူလာခွင့်ရှိပါတယ်။

လှဲလျောင်းနေရတာ ဘာခက်သလဲလို့ ဆိုစရာရှိပါတယ်။ ဒါပေမဲ့ အချိန်ကြာကြာ လှဲလျောင်းနေတဲ့အခါ အရိုးအဆစ်တွေ၊ ကြွက်သားတွေ ညောင်းညာကိုက်ခဲလာလို့ အချိန်အကြာကြီး လှဲနေနိုင်ဖို့ မလွယ်ပါဘူး။

ဒီနှစ်ပြိုင်ပွဲမှာတော့ ဇာကိုပီဂျာနိုဗစ်ဆိုတဲ့ အမျိုးသားတစ်ဦးက နာရီ ၆၀ (၂ ရက်ခွဲကျော်) ကြာ လှဲလျောင်းပြီး အနိုင်ရသွားပါတယ်။ အရင်က ဒီပြိုင်ပွဲမှာ ရေအိမ်သွားခွင့် မပေးပေမဲ့ အခုတော့ ၈ နာရီခြားတစ်ခါ ရေအိမ်သွားခွင့် ပေးပါတယ်။ ရေအိမ်သွားခွင့် မပေးခင်တုန်းကတောင် ၅၂ နာရီကြာ ဆက်တိုက်လှဲလျောင်းပြီး ကမ္ဘာ့စံချိန်တင်ခဲ့သူတစ်ဦး ရှိခဲ့ဖူးပါတယ်။

လှဲလျောင်းပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ ပီဂျာနိုဗစ်ဟာ ဆုကြေးငွေ ယူရို ၃၅၀ အပြင်၊ စားသောက်ဆိုင်မှာ လူ ၂ ဦး နေ့လည်စာစားခွင့်လက်မှတ်၊ မွန်တီနီဂရိုးတိုင်းရင်းသားရွာမှာ အားလပ်ရက် အပန်းဖြေခွင့်နှင့် ဖောင်စီးခွင့်တွေလည်း ရရှိခဲ့ပါတယ်။

Ref: Man Wins Lying Down Championship by Lying Down for 60 Hours Straight

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top