ခရီးကပြန်လာတိုင်း လေဆိပ်မှာ စောင့်ဆိုင်းနေကြတဲ့ပရိသတ်တွေအတွက် မုန့်တွေယူလာပေးလေ့ရှိတဲ့ အိုင်ယူ

29-6-2022-yyl09.jpg

တောင်ကိုရီးယားအဆိုတော်မင်းသမီး အိုင်ယူဟာ သူ့ရဲ့ပရိသတ်တွေအပေါ် စေတနာမေတ္တာထားတတ်တဲ့၊ အရမ်းရက်ရောတဲ့သူတစ်ယောက်ပါ။ မကြာသေးခင်က သူဟာ ပရိသတ်တွေအပေါ် စေတနာမေတ္တာထားကြောင်း ထပ်ပြီး သက်သေပြခဲ့ပါတယ်။

လေဆိပ်က ပရိသတ်တွေကို မုန့်တွေ ယူလာပေးလေ့ရှိတဲ့အိုင်ယူ
လေဆိပ်ကအပြန် ပရိသတ်တွေကို နှုတ်ဆက်နေတဲ့ အိုင်ယူ

ဇွန်လ ၂၇ ရက်နေ့က အိုင်ယူဟာ သူ့ရဲ့ရုပ်ရှင်ဇာတ်ကားအသစ် Broker ပရိုမိုးရှင်းလုပ်ဖို့ အလည်သွားရောက်ခဲ့တဲ့ ဂျပန်နိုင်ငံကနေ အင်ချွန်းလေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ နောက်တစ်နေ့ကျ အိုင်ယူကို လေဆိပ်မှာ စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေအပေါ်ထားတဲ့ သူ့ရဲ့ရက်ရောမှုအတွက် လူမှုကွန်ယက်မှာ ချီးကျူးခဲ့ကြပါတယ်။

လူမှုကွန်ယက်မှာ ပရိသတ် တင်ထားတဲ့ အိုင်ယူ ပေးတဲ့ မုန့်တွေ
လေဆိပ်ကအပြန် ပရိသတ်တွေကို နှုတ်ဆက်နေတဲ့ အိုင်ယူ

အိုင်ယူက အရသာရှိတဲ့အဆာပြေစာမုန့်တွေကို လေဆိပ်မှာ စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေအတွက် ဝယ်လာပြီးပေးခဲ့တာပါ။ ပရိသတ်တွေကို မုန့်တွေပေးခဲ့တဲ့အပြင် လေဆိပ်က ထွက်ခွာခါနီးမှာလည်း ပရိသတ်တွေရဲ့လက်ကို ကိုင်ပြီး နှုတ်ဆက်စကားပြောခဲ့ပါသေးတယ်။

လူမှုကွန်ယက်မှာ ပရိသတ် တင်ထားတဲ့ ပုံ
အရင်က ပရိသတ်တွေကို အိုင်ယူ ယူလာပေးခဲ့တဲ့မုန့်ပုံတွေ

လေဆိပ်က ပရိသတ်တွေကို မုန့်တွေ ပေးတာဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်ကလည်း အိုင်ယူက ခရီးကပြန်လာတိုင်း ပရိသတ်တွေကို မုန့်တွေပေးလေ့ရှိပါတယ်။ အိုင်ယူက အလည်အပတ်သွားခဲ့တဲ့ နိုင်ငံတွေကနေ မုန့်တွေ ဝယ်လာခဲ့တာပါ။ ပရိသတ်တွေအတွက် အခုလို စေတနာမေတ္တာထားတာ အရင်ကတည်းကပေမဲ့ နောက်လည်း အိုင်ယူရဲ့ပရိသတ်တွေအပေါ် ချစ်ခြင်းမေတ္တာပြသမှုက ရပ်တန့်သွားမယ်မထင်ပါဘူး။

Ref: Allkpop & Koreaboo “IU Once Again Proves She’s The Kindest K-Pop Idol To Her Fans By Preparing Snacks For Them At The Airport”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top