ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေး သေနတ်နဲ့ပစ်ခံရ၊ နှလုံးခုန်ရပ်တန့်နေတယ်လို့ ဆို

8-7-2022-01.jpg

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးဟာ ကိုယ်စားလှယ်လောင်းတစ်ယောက်အတွက် မဲဆွယ်မိန့်ခွန်းပြောနေတုန်း သေနတ်နဲ့ ၂ ချက်ပစ်ခံခဲ့ရပါတယ်။ သေနတ်နဲ့ ၂ ချက် ပစ်ရာမှာ ပထမတစ်ချက်က လွဲချော်ခဲ့ပေမဲ့ ဒုတိယတစ်ချက်ဟာ သူ့ကျောကို ထိမှန်ခဲ့ပြီး သွေးတွေစီးကျကာ မြေပြင်ပေါ် လဲကျသွားခဲ့တာပါ။ အသက် ၆၇ နှစ်အရွယ်ရှိတဲ့ ရှင်ဇိုအဘေးဟာ နှလုံးခုန်ရပ်တန့်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ တိုကျိုမြို့အုပ်ချုပ်ရေးမှူးဟောင်း မာဆုဇိုအီက တွစ်တာပေါ်မှာ ရေးသားထားပါတယ်။

ဂျပန်နိုင်ငံမှာ လူသေဆုံးမှုကို တရားဝင် အတည်မပြုနိုင်သေးရင် နှလုံးခုန်ရပ်တန့်သွားပြီဆိုတဲ့ အသုံးအနှုန်းကို မကြာခဏ သုံးစွဲလေ့ရှိပါတယ်။ ရှင်ဇိုအဘေးကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီးနောက်မှာ တိုက်ခိုက်သူကလည်း ထွက်ပြေးဖို့ ကြိုးစားခဲ့ခြင်းမရှိပါဘူး။ လုံခြုံရေးတွေက သူ့ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဂျပန်နိုင်ငံမှာ သေနတ်ကိုင် အကြမ်းဖက်မှုမျိုး ဖြစ်လေ့ဖြစ်ထမရှိသလို နိုင်ငံရေးအကြမ်းဖက်တဲ့လုပ်ရပ်မျိုးလည်း မကြားဖူးသလောက်ပါပဲ။ ၂၀၁၄ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ သေနတ်ကြောင့် သေဆုံးမှု ၆ ခုပဲ ရှိပါတယ်။ ဂျပန်နိုင်ငံမှာ သေနတ်ဝယ်ယူဖို့ တင်းကျပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီး စိတ်ကျန်းမာရေးစစ်ဆေးမှုအများအပြား လုပ်ရပါတယ်။ အဲဒီစစ်ဆေးမှုတွေ အောင်မြင်ရင်တောင် ပြောင်းတိုသေနတ်တွေ ဝယ်ယူခွင့် ပိတ်ပင်ထားပြီး ပြောင်းရှည်သေနတ်နဲ့ လေသေနတ်တွေပဲ ဝယ်ယူခွင့်ပြုတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်တာဝန်ကို အချိန်အကြာဆုံး ထမ်းဆောင်ခဲ့သူ ရှင်ဇိုအာဘေးဟာ ၂၀၀၆ ခုနှစ်က ၁ နှစ်ကြာ၊ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကျန်းမာရေးကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့သူပါ။

Ref: Shinzo Abe: Japan ex-PM injured after reported gunshot attack

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top