သြစတြေးလျမှာ မုန်တိုင်းတိုက်နေပေမဲ့ တောမီးအန္တရာယ်မပြီးဆုံးသေး

yyl-012-10.jpg

သြစတြေးလျနိုင်ငံ အရှေ့ပိုင်းက တောမီးလောင်ကျွမ်းနေတဲ့ ဒေသမှာ မုန်တိုင်းတိုက်ခတ်လို့ မိုးသည်းသည်းမဲမဲ ရွာသွန်းနေပေမဲ့ တောမီးလောင်ကျွမ်းမှု မပြီးဆုံးသေးဘူးလို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးရွာသွန်းခဲ့ပေမဲ့ ဇန်နဝါရီလ ၂၀ ရက်အထိ နယူးဆောက်ဝေးလ်နဲ့ ဗစ်တိုးရီးယားပြည်နယ်တွေမှာ တောမီးလောင်ကျွမ်းမှု ၈၀ ကျော် ဖြစ်ပွားနေဆဲပါပဲ။ မုန်တိုင်းပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့ မဲလ်ဘုန်းနဲ့ ကန်ဘာရာမြို့တွေမှာ ဂေါ့ဖ်သီးအရွယ်အစားလောက်ကြီးတဲ့ မိုးသီးတွေ ကြွေကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောမီးဒဏ် ခံစားခဲ့ရတဲ့ ပြည်နယ်တွေမှာ နောက်ထပ်မုန်တိုင်း တိုက်ခတ်မှုတွေ ရှိလာဦးမယ်လို့ ခန့်မှန်းထားပါတယ်။

မကြာသေးခင် ရက်ပိုင်းအတွင်း မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးရေလျှံခဲ့လို့ ဗစ်တိုးရီးယား၊ နယူးဆောက်ဝေးလ်နဲ့ ကွင်းစ်လန်းပြည်နယ်တွေရဲ့ မီးဘေးသင့်ဇုန်တချို့အတွက် သက်သာရာရစေခဲ့ပါတယ်။ ဒါပေမဲ့ လေပြင်းတိုက်ခတ်လို့ ဖုန်ပါဝင်တဲ့ တိမ်တိုက်တွေ ဖြစ်ပေါ်လာပြီး နယူးဆောက်ဝေးလ်ပြည်နယ်ရဲ့ အောရိန့်၊ ဒက်ဘို စတဲ့မြို့တွေမှာ ကောင်းကင်ယံတစ်ခုလုံး မှောင်မိုက်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ပိုင်း တောမီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးပြီး နေအိမ် ၂၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ မီးလောင်ကျွမ်းတဲ့ မြေနေရာက ဟက်တာဧက ၁၀ သန်းကျော်ရှိပြီး အင်္ဂလန်နိုင်ငံ တစ်နိုင်ငံနီးပါး အရွယ်အစားရှိပါတယ်။ မိုးရွာသွန်းလို့ တောမီးလောင်ကျွမ်းတဲ့ဒေသတွေမှာ အထောက်အပံ့ဖြစ်စေပေမဲ့ မုန်တိုင်းတိုက်ခတ်တဲ့အတွက် မီးငြှိမ်းသတ်ရေး ကြိုးပမ်းမှုတချို့ကို နှောင့်နှေးစေပြီး အဝေးပြေးလမ်းပေါ်မှာ မြေပြိုကျနိုင်တယ်လို့ ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် အန်ဒရူးက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top