တိရိစ္ဆာန်အစစ်တွေအစား သုံးဖက်မြင်ရုပ်ကြွတွေသုံးပြီးပြသတဲ့ဆပ်ကပ်ပွဲ

14370024-0-image-a-8_1559677047057.jpg

ဂျာမန်ဆပ်ကပ်အဖွဲ့တစ်ခုကတော့ သက်ရှိတိရိစ္ဆာန်တွေနေရာမှာ သုံးဖက်မြင်ရုပ်ကြွသုံးပြီးပြသတဲ့ ကမ္ဘာ့ပထမဆုံး ဆပ်ကပ်အဖွဲ့ဖြစ်လာပါတယ်။ (၁၉၉၀) ခုနှစ်တွေကလိုမျိုး ဖျော်ဖြေရေးအတွက် တိရိစ္ဆာန်တွေကိုမသုံးတော့ဘဲ ရေရှည်အကျိုးမျှော်ကိုးတဲ့အနေနဲ့ တခြားနည်းလမ်းပြောင်းဖို့ ရွန်ကာလီဆပ်ကပ်က စတင်ဖန်တီးခဲ့တာပါ။

(၁၉၉၀) ခုနှစ်တွေကလိုမျိုး ဖျော်ဖြေရေးအတွက် တိရိစ္ဆာန်တွေကိုမသုံးတော့ဘဲ ရေရှည်အကျိုးမျှော်ကိုးတဲ့အနေနဲ့ တခြားနည်းလမ်းပြောင်းဖို့ ရွန်ကာလီဆပ်ကပ်က စတင်ဖန်တီးခဲ့

(၁၉၇၆) ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီဆပ်ကပ်မှာ တကယ့်တိရိစ္ဆာန်ကောင်ရေကို လျှော့ချခဲ့သလို ဆင်၊ မြင်းနဲ့ ရွှေငါးတွေနေရာမှာ သုံးဖက်မြင်ရုပ်ကြွတွေသုံးပြီး ပြသခဲ့ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ချက်ကြောင့် အဲဒီဂျာမန် ဆပ်ကပ်အဖွဲ့ကို ဆိုရှယ်မီဒီယာသုံးစွဲသူရာချီက ချီးကျူးထောမနာပြုခဲ့ကြပါတယ်။

(၁၉၇၆) ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီဆပ်ကပ်မှာ တကယ့်တိရိစ္ဆာန်ကောင်ရေကို လျှော့ချခဲ့သလို ဆင်၊ မြင်းနဲ့ ရွှေငါးတွေနေရာမှာ သုံးဖက်မြင်ရုပ်ကြွတွေသုံးပြီး ပြသခဲ့ပါတယ်

ရွန်ကာလီဆပ်ကပ်အဖွဲ့မှာ ကျွမ်းဘားသမားနဲ့ လူရွှင်တော်အရေအတွက်များပြားစွာရှိနေပြီး သုံးဖက်မြင်ရုပ်ကြွပြပွဲနဲ့ တိရိစ္ဆာန်ဖျော်ဖြေပွဲတွေကို တင်ဆက်ပြသနေဖြစ်ပါတယ်။ ရွန်ကာလီဆပ်ကပ်အဖွဲရဲ့ သုံးဖက်မြင်ရုပ်ကြွပြပွဲဟာ ကမ္ဘာပေါ်မှာအကြီးမားဆုံး အလင်းပြပွဲ (light show) တွေထဲကတစ်ခုလို့ပြောနိုင်ပြီး သူတို့ရဲ့ပုံပြင်ပြောတဲ့ပြပွဲကိုလည်း လူကြိုက်များပါတယ်။ အကျယ် (၁၀၅) ပေနဲ့ အနံ (၁၆) ပေရှိတဲ့ပွဲခင်းကြီးတစ်ခုလုံးကို 3D သုံးဖက်မြင်ပုံရိပ်တွေအပြည့်ပြသထားတဲ့အတွက် ပွဲကြည့်ပရိသတ်တွေအနေနဲ့ ဘယ်အရက်မျက်နှာရှုထောင့်ကမဆို အလွယ်တကူ ကြည့်ရှုခံစားနိုင်ပါတယ်။

ရွန်ကာလီဆပ်ကပ်အဖွဲရဲ့ သုံးဖက်မြင်ရုပ်ကြွပြပွဲဟာ ကမ္ဘာပေါ်မှာအကြီးမားဆုံး အလင်းပြပွဲ (light show) တွေထဲကတစ်ခုလို့ပြောနိုင်ပြီး သူတို့ရဲ့ပုံပြင်ပြောတဲ့ပြပွဲကိုလည်း လူကြိုက်များ

ဆပ်ကပ်တွေမှာ တောရိုင်းတိရိစ္ဆာန်တွေအသုံးပြုဖျော်ဖြေတာကို တားမြစ်လိုက်တဲ့ပြဋ္ဌာန်းချက်ဟာ (၂၀၁၇) ခုနှစ်တုန်းက စကော့တလန်နိုင်ငံမှာ စတင်သတ်မှတ်ကျင့်သုံးခဲ့တာဖြစ်

ပြီးခဲ့တဲ့လကတော့ ဆပ်ကပ်ပွဲတွေမှာ တောရိုင်းတိရိစ္ဆာန်အသုံးပြုမှုတားမြစ်တဲ့ပြဋ္ဌာန်းချက်တစ်ခုကို အင်္ဂလန်နိုင်ငံမှာ စတင်ပြဋ္ဌာန်းခဲ့ပါတယ်။ သမင်အကြီးစား၊ မြင်းကျား၊ ကုလားအုတ်တွေအပြင် အခြားတိရိစ္ဆာန်တွေကို ဆပ်ကပ်မှာဖျော်ဖြေခိုင်းတာမျိုးတွေအတွက် လုံးဝတားမြစ်လိုက်တာပါ။

အခုလို ကမ္ဘာလှည့်ပြသတဲ့ဆပ်ကပ်တွေမှာ တောရိုင်းတိရိစ္ဆာန်တွေအသုံးပြုဖျော်ဖြေတာကို တားမြစ်လိုက်တဲ့ပြဋ္ဌာန်းချက်ဟာ (၂၀၁၇) ခုနှစ်တုန်းက စကော့တလန်နိုင်ငံမှာ စတင်သတ်မှတ်ကျင့်သုံးခဲ့တာဖြစ်ပြီး အခုတော့ အင်္ဂလန်နိုင်ငံမှာပါ ကျင့်သုံးတော့မှာဖြစ်ပါတယ်။

Ref: dailymail “German show uses HOLOGRAMS of animals instead of the real thing to avoid treating creatures cruelly”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top