ထရန်စဖော်မာထဲက ဆီကိုထုတ်ပြီး စားသုံးဆီအဖြစ် ရောင်းချနေ

7-4-2022-yyl-001.jpg

ဆီထုတ်ရောင်းဖို့အတွက် လျှပ်စစ်ထရမ်စဖော်မာကို ဖျက်လိုဖျက်စီးလုပ်နေတာကြောင့် တစ်လကို ဒေါ်လာသန်းချီ ဆုံးရှုံးနစ်နာနေရတယ်လို့ ကင်ညာနိုင်ငံ လျှပ်စစ်စွမ်းအင် ဖြန့်ဖြူးရေးကုမ္ပဏီက ပြောပါတယ်။ ဒုစရိုက်သမားတွေက ထရမ်စဖော်မာထဲက ဆီကို ခိုးထုတ်ပြီး စားသောက်ဆိုင်တွေ၊ လမ်းဘေးဆိုင်တွေမှာ စားသုံးဆီဆိုပြီး လိမ်လည်ရောင်းချနေကြတယ်လို့ Kenya Power ကုမ္ပဏီက ပြောပါတယ်။

မကြာသေးခင်က အဖျက်အမှောင့်လုပ်ရပ်တွေ မြင့်တက်လာတာဟာ စားသုံးဆီဈေးနှုန်း မြင့်တက်လာတာနဲ့ ဆက်နွှယ်နေပါတယ်။ စားသုံးဆီဈေးနှုန်း မြင့်လာလို့ စီးပွားရေးလုပ်ငန်းတွေက ဆက်လက်လည်ပတ်နိုင်ဖို့အတွက် မရိုးဖြောင့်တဲ့ နည်းလမ်းတွေကို အသုံးပြုလာကြပါတယ်။ စားသုံးဆီနဲ့ အသွင်တူတဲ့ စက်သုံးဆီဟာ လူသားတွေ စားသုံးဖို့ စိတ်မချရဘူး၊ ကျန်းမာရေးအန္တရာယ်များလွန်းတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။

ကင်ညာနိုင်ငံရဲ့ တချို့ဂိုဏ်းတွေကလည်း ဓာတ်အားသွယ်တန်းမှုတွေကို ဖြတ်တောက်ပြီး ဓာတ်အားပြန်သွယ်ပေးစေချင်ရင် ငွေပေးရမယ်လို့ အများပြည်သူနဲ့ စီးပွားရေးလုပ်ငန်းတွေကို ငွေညှစ်နေပါတယ်။ ကင်ညာနိုင်ငံ အလယ်ပိုင်းမှာ အဖျက်အမှောင့်လုပ်ရပ်တွေ သိသိသာသာ မြင့်တက်နေပြီး ဖျက်စီးခံရ (သို့မဟုတ်) ဖြတ်တောက်ခံရတဲ့ ထရန်စဖော်မာ အလုံး ၂၀ လောက် ရှိတယ်လို့ ကင်ညာအစိုးရ လက်အောက်ခံ Kenya Power ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

ဒုစရိုက်သမားတစ်ယောက်ဟာ ထရန်စဖော်မာရဲ့ ဖျူ့စ်ကို ဖြုတ်မလို့ (သို့မဟုတ်) ပြန်တပ်မလို့ လုပ်နေတုန်း ဓာတ်လိုက်ခံခဲ့ရတယ်လို့ ကုမ္ပဏီရဲ့ စီးပွားရေးမန်နေဂျာ ကာမာယူက ပြောပါတယ်။ ” အခုလက်ရှိတော့ သူ့က အသက်အန ္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရထားပြီး သီကာအထွေထွေဆေးရုံမှာ တင်ထားရပါတယ်” လို့ Kenya Power ကုမ္ပဏီအရာရှိက ပြောပါတယ်။

မကြာသေးခင်က အနည်းဆုံး လူ ၂၂ ယောက်ကို ဖမ်းဆီးခံရပြီး လက်ရှိအချိန်မှာ ရုံးတင်စစ်ဆေးမှုတွေ လုပ်နေပါတယ်။ Kenya Power ကုမ္ပဏီက လျှပ်စစ်ကွန်ရက်တိုင်တွေကို ဖျက်လိုဖျက်စီးလုပ်တာ ဘယ်လောက်အထိ အန ္တရာယ်များလဲဆိုတာ နိုင်ငံတစ်ဝန်း သတိပြုမိလာအောင် လှုပ်ရှားလျက်ရှိပါတယ်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ကြုံတွေ့နေရတဲ့ အခြေအနေမှာ Kenya Power ကုမ္ပဏီက အခုလို အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ပါ ကြုံရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကင်ညာနိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တာဟာ သံထည်တွေ ခိုးရောင်းဖို့အတွက် သံမဏိကွန်ရက်တိုင်တွေကို ဖျက်စီးခဲ့တာကြောင့်လို့ ဆိုပါတယ်။ အဲဒီလုပ်ရပ်ကြောင့် လျှပ်စစ်ကွန်ရက်တိုင်လည်း ပြိုကျခဲ့ရပါတယ်။

Ref: BBC “Thieves stealing toxic oil for cooking – Kenya Power”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top