သွား ၃၈ ချောင်းရှိတဲ့ အိန္ဒိယအမျိုးသမီးက ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုး

22.11.23-yyl-1.jpg

သွား ၃၈ ချောင်းရှိတဲ့ အသက် ၂၆ နှစ်အရွယ် အိန္ဒိယအမျိုးသမီး ခါလ်ပနာ ဘာလန်ဆိုသူက သွားအရေအတွက်အများဆုံးအမျိုးသမီးဆိုတဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ချိုးခဲ့ပါတယ်။ ပုံမှန်အရွယ်ရောက်ပြီးသူတွေမှာ သွား ၃၂ ချောင်းပဲရှိတာပါ။ သူက ၆ ချောင်းတောင် ပိုပါနေတဲ့အတွက် အခုလို စံချိန်ချိုးခဲ့တာပါ။

ကလေးတစ်ယောက်မိခင် ခါလ်ပနာက အောက်မေးရိုးမှာ သွား ၄ ချောင်းနဲ့ အပေါ်မေးရိုးမှာ သွား ၂ ချောင်းပိုပါနေတာဖြစ်တယ်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်က ဆိုပါတယ်။ သူ ဆယ်ကျော်သက်အရွယ်မှာ သူ့ရဲ့အပိုပါတဲ့သွားတွေ တစ်ချောင်းချင်း တစ်စတစ်စကြီးထွားလာတာကို တွေ့ကြုံခံစားခဲ့ရတာပါ။ နာကျင်တာမရှိပေမဲ့ အစားအစာတွေ ပိုနေတဲ့သွားကြားတွေမှာ ညှပ်နေတဲ့အတွက် အစာစားရာမှာ အခက်ခဲဖြစ်ပါတယ်။ သွားအပိုတွေရှိနေတာကို သူ့မိဘတွေသိတော့ သွားတွေနှုတ်ပစ်ဖို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ သွားဆရာဝန်တွေက သွားတွေကို အလွယ်တကူဖယ်ရှားလို့မရတာကြောင့် သွားတွေပိုထွက်လာတဲ့အထိ စောင့်ဖို့ ခါလ်ပနာကို အကြံပြုခဲ့ပါတယ်။ သွားတွေအပြည့်အဝပေါက်လာပြီးတဲ့နောက်မှာတော့ ခါလ်ပနာက သွားနှုတ်ရမှာ ကြောက်တဲ့အတွက် မနှုတ်တော့ဘဲ ဒီအတိုင်းထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းအရ သိရပါတယ်။

ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးပြီးတဲ့နောက်မှာ ခါလ်ပနာက အခုလိုပြောပါတယ်။ “ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းကို ရတဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်။ ဒါက ကျွန်မရဲ့ဘဝတစ်သက်တာအောင်မြင်မှုပါပဲ”တဲ့။ ခါလ်ပနာမှာ အပြည့်အဝမပေါက်သေးတဲ့ သွားအပို (၂) ချောင်းရှိသေးတဲ့အတွက် အနာဂတ်မှာ သူ့ရဲ့လက်ရှိစံချိန်ကို ထပ်ချိုးနိုင်ပါသေးတယ်။ ဒီစံချိန်မျိုးကို ကိုင်ဆောင်ထားတဲ့ အမျိုးသားကတော့ ကနေဒါနိုင်ငံက သွား ၄၁ ချောင်းရှိတဲ့ အီဗာနို မယ်လုန်းဆိုသူဖြစ်ပါတယ်။

Ref: Indian Woman With 38 Teeth Sets Guinness World Record

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top