စတန်းဖို့ဒ်ဘရစ်ချ်မှာ လက်ရှိချန်ပီယံကို အနိုင်ယူပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ် တက်လှမ်းခဲ့တဲ့ မန်ယူ

52448024_2192975084079065_7468110922653892608_n.jpg

ချဲလ်ဆီး ဝ-၂ မန်ယူ


နှစ်သင်းလုံး ၄-၃-၃ ကစားကွက် ခင်းကျင်းခဲ့ကြပြီး ချဲလ်ဆီးတိုက်စစ်ပိုင်းမှာ ဟီဂူအင်၊ ဟာဇက်၊ ပတ်ဒရိုတို့ ဦးဆောင်ခဲ့ပါတယ်။ မန်ယူကတော့ လူကာကူ၊ ရက်ရှ်ဖို့ဒ်၊ မာတာ တိုက်စစ်အတွဲကို အသုံးပြုခဲ့ပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမဲ့ မန်ယူ ခံစစ်ကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခဲ့ခြင်း မရှိပါဘူး။ ပွဲချိန် ၁၁ မိနစ်မှာ ဒေးဗစ်လုဇ်ရဲ့ ပြစ်ဒဏ်ဘော ကန်ချက်နဲ့ ပတ်ဒရိုရဲ့ကန်ချက်ကို မန်ယူဂိုးသမား ရိုမီယိုက ထပ်ဆင့်ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၁ မိနစ်မှာ ဘယ်တောင်ပံကနေ ပေါ့ဘာ မ,တင်ပေးလိုက်တဲ့ ဘောလုံးကို ဟာရဲရားက ပြေးဝင်ခေါင်းတိုက်ပြီး အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက်မှာ ချဲလ်ဆီးက တိုက်စစ်ဆင် ကစားခဲ့ပေမဲ့ တိုက်စစ်အား ပျော့ခဲ့ပြီး မန်ယူခံစစ်က ကျစ်ကျစ်လျစ်လျစ် ပိတ်ဆို့ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာ ညာတောင်ပံကနေ ရက်ရှ်ဖို့ဒ် ဖြတ်တင်ပေးလိုက်တာကို ပေါ့ဘာက ခေါင်းတိုက်ပြီး ဒုတိယဂိုး သွင်းယူခဲ့တာပါ။ ပေါ့ဘာဟာ ဆိုးလ်ရှားလက်ထက်မှာ ၁၅ ဂိုးအထိ စွမ်းဆောင်နိုင်ခဲ့(၉ ဂိုးသွင်း၊ ၆ ဂိုးဖန်တီး)ပြီး အဲဒီကာလအတွင်းမှာ သူ့ထက် စွမ်းဆောင်မှုကောင်းတဲ့ ပရီးမီးယားလိဂ် ကစားသမားဆိုလို့ ဟောင်မင်ဆန်တစ်ယောက်ပဲ ရှိပါတယ်။

ပထမပိုင်းမှာ ချဲလ်ဆီးခံစစ်ပိုင်းက လျော့တိလျော့ရဲနိုင်ပြီး အာရုံစူးစိုက်မှု အားနည်းခဲ့သလို ဂိုးသမား ကက်ပါကလည်း အမှားများခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ၂ သင်းလုံးအခွင့်အရေး မရခဲ့ပါဘူး။ ချဲလ်ဆီးဟာ ဒီပွဲမတိုင်ခင်က အိမ်ကွင်းမှာ ကစားတဲ့ ပြည်တွင်း ရှုံးထွက်ဖလားပွဲစဉ် ၅၀ အနက် ဂိုးမသွင်းနိုင်တဲ့ပွဲစဉ် ၁ ပွဲပဲ ရှိခဲ့ပါတယ်။ အခုပွဲစဉ်မှာ ချဲလ်ဆီးအသင်းရလဒ်နဲ့ ခြေစွမ်းပိုင်းကြောင့် ဆာရီရဲ့ အနာဂတ်ကတော့ ဖိအားတွေ ပိုများလာခဲ့ပါပြီ။မန်ယူဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံအသင်းတွေကို အများဆုံးဖြုတ်ချနိုင်တဲ့အသင်းအဖြစ် စံချိန်တင်ထားပြီး ဒီတစ်ကြိမ်နဲ့ဆိုရင် လက်ရှိချန်ပီယံတွေကို ပြိုင်ပွဲက ထွက်ရအောင် လုပ်နိုင်ခဲ့တာ ၁၁ ကြိမ်အထိ ရှိလာခဲ့ပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top