နှစ် (၄၀၀) သက်တမ်းရှိတဲ့ဘွန်ဆိုင်းပင် ခိုးယူခံရ

hot5.jpg

ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ ဆိုင်တာမာမြို့ ပန်းခြံထဲကနေ ဘွန်ဆိုင်းပင် (၇) ပင် ခိုးယူခံရလို့ ဘွန်ဆိုင်းပင် စိုက်ပျိုးရတာကို ဝါသနာထုံတဲ့ ဇနီးမောင်နှံ စိတ်ထိခိုက်ခဲ့ကြပါတယ်။ နှစ်သက်တမ်း ရာနဲ့ချီ ရှင်သန်နိုင်တဲ့ ဘွန်ဆိုင်းပင်တွေဟာ ယန်း (၁၃) သန်း (အမေရိကန်ဒေါ်လာ ၁၁၈၀၀၀) တန်ကြေးရှိတယ်လို့ ဆိုပါတယ်။ ခိုးခံရတဲ့ ဘွန်ဆိုင်းပင် (၇) ပင်ထဲမှာ တစ်ပင်ကတော့ ဘွန်ဆိုင်းပင်ချစ်သူတွေကြား ရေပန်းစားတဲ့ ရှင်ပါကူဂျူနီပါ(shimpaku juniper)ဘွန်ဆိုင်းပင်ဖြစ်ပါတယ်။

”ကျွန်မတို့ရဲ့ ရှင်ပါကူဂျူနီပါ ဘွန်ဆိုင်းပင်က နှစ်သက်တမ်း (၄၀၀) ရှိပါပြီ။ အဲဒီအပင်က အရမ်းဂရုစိုက်ရပါတယ်။ တစ်ပတ်လောက် ရေမလောင်းရင် ဆက်ရှင်မှာ မဟုတ်ပါဘူး။ အဲဒီအပင်က ထာဝရရှင်သန်နိုင်ပါတယ်။ ကျွန်မတို့ သေသွားရင်လည်း ရှင်နေဦးမှာပါ။ အဲဒီအပင်ကို ခိုးသွားတဲ့သူ ဘယ်သူပဲ ဖြစ်ပါစေ၊ ဂရုတစိုက် ရေလောင်းပေးစေချင်ပါတယ်”လို့ ဘွန်ဆိုင်းပင် စိုက်ပျိုးရတာကို ဝါသနာထုံသူ ဖူယူမီက ဖေ့ဘွတ်ခ်ပေါ်မှာ ရေးသားထားပါတယ်။ အာရှတိုက်အရှေ့ပိုင်းကနေ မြစ်ဖျားခံပြီး ဂျပန်နိုင်ငံနဲ့ ဆက်နွှယ်နေတဲ့ ဘွန်ဆိုင်းပင်တွေဟာ ထူးထူးခြားခြား စိုက်ပျိုးရေးနည်းလမ်းတွေကို အခြေခံထားတဲ့ အနုပညာမြောက် သစ်ပင်တစ်မျိုးပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top