ဝါယာကြိုးတွေနဲ့လုပ်ထားတဲ့ ကား

3.7.23-yyl-9.jpg

ပုံမှာ မြင်ရတာကတော့ ဂျပန်သတ္တုကုမ္ပဏီ ယာမာဂူချီဆိုင်ဆာကူရှိုက ဝါယာကြိုးတွေအသုံးပြုပြီး ဖန်တီးထားတဲ့ ကားပါ။ augmented reality(AR) လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကားပြပွဲတစ်ခုအတွက် ဖန်တီးပေးခဲ့တဲ့ ကား ၅ စီးထဲမှာ ဒီကားလည်း ပါဝင်ပါတယ်။

3D CAD ဆော့ဖ်ဝဲနဲ့ ဒီဇိုင်းဆွဲပြီး သံပြားတွေနဲ့ ကားတည်ဆောက်ပါတယ်။ ပြီးမှ လေဆာဖြတ်စက်အသုံးပြုပြီး သံပြားတွေကို ဖြတ်တောက်ပုံဖော်ပါတယ်။ အဲဒီနောက်မှာ ဝါယာကြိုးတွေကို ထည့်သွင်းဂဟေဆော်ပြီးမှ သံပြားတွေကို ဖယ်ရှားလိုက်တာပါ။

လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက အဲဒီကားကို ဖန်တီးခဲ့တာဖြစ်ပေမဲ့ ၂၀၁၆ ခုနှစ်အထိ သတိမထားမိကြပါဘူး။ ပြပွဲအတွက် ကားမှာယူထားသူက ယာမာဂူချီဆိုင်ဆာကူရှိုကုမ္ပဏီထံ ဒီကားကို ပြန်ပို့ခဲ့ပြီး သူတို့ရဲ့ ကားပါကင်မှာ ထားတော့မှ လူတွေ သတိထားမိခဲ့ပြီး အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေ ပျံ့နှံ့လာခဲ့တာပါ။

Ref: Japanese Company Creates Incredibly Detailed Wireframe Car

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top