ဖခင်ဖြစ်သူအပေါ် လေးစားမှု ပြသဖို့ ဓာတ်ပုံဟောင်း တစ်ပုံ ပြန်တင်ခဲ့တဲ့ ဘရွတ်ကလင်း ဘက်ခမ်း

49CECE5800000578-5459881-image-a-17_1520158567953.jpg

မိသားစု ဆက်ဆံရေး အားလုံးထဲမှာမှ မိဘနဲ့သားသမီးကြား ဆက်ဆံရေးက အလှပဆုံးနဲ့ အနွေးထွေးဆုံးပါ။ ဒါထက်ပိုတာကတော့ အဖေနဲ့ သားကြား ချစ်ခင်ရင်းနှီးမှုပါ။ “အဖေဗီဇ သားမှာပါ” ဆိုတဲ့ အတိုင်း အဖေ့ရဲ့စရိုက်၊ အဖေ့ရဲ့ ခြေရာကို နင်းဖို့ ရာခိုင်နှုန်း အများဆုံးက သားယောက်ျားလေး ဖြစ်ပါတယ်။

ဒါပေမဲ့ သားယောက်ျားလေးတွေ အချစ်ဆုံးက အမေကိုဖြစ်ပြီး အဖေနဲ့ တရင်းတနှီးနေကြတာ နည်းပါတယ်။ ဒါကလည်း အဖေဖြစ်သူက အလုပ် များလွန်းတာကြောင့် အချိန်မပေးနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

ဒီလိုဆို စီးပွားရေးမှာလည်း အောင်မြင်အောင် စွမ်းဆောင်နိုင်ပြီး သားတွေနဲ့ ခင်မင်ရင်းနှီးမှုကို တည်ဆောက်ထားတဲ့ ကမ္ဘာ့အကျော်အမော်က ဘယ်သူများပါလိမ့်။

ဒေးဗစ်ဘက်ခမ်းနဲ့ ဘရွတ်ကလင်း ဘတ်ခမ်းတို့ သားအဖနှစ်ဦးက ရင်ကို နွေးထွေးစေမယ့် စာသားလေးတွေ ရေးပြီး ဓာတ်ပုံလေးတွေ အပြန်အလှန် တင်တတ်ကြပါတယ်။ ဘရွတ်ကလင်းရဲ့ မွေးနေ့မှာ သားဖြစ်သူ ဓာတ်ပုံနဲ့အတူ ရေးတင်လိုက်တဲ့ ဒေးဗစ်ရဲ့ စာသားက “ပျော်ရွှင်ဖွယ်ရာ မွေးနေ့ပါ သားကြီးရေ။ ဒီလို အရွယ်ထိ လူလားမြောက်ခဲ့တာ အဖေ ဂုဏ်ယူပါတယ်။ ထက်သန်တဲ့ စိတ်ဆန္ဒတွေနဲ့ ဝင့်ထည်နိုင်ပြီး မာန်မာနကို ချိုးနှိမ်တတ်တဲ့သူ ပီသအောင်နေပါ။ မင်းကို အများကြီးချစ်တယ်” လို့ ဖြစ်ပါတယ်။

၁၉ နှစ်အရွယ် ဘရွတ်ကလင်းက လည်း ကလေးဘဝတုန်းက ဓာတ်ပုံဟောင်းလေး တစ်ပုံကို မတုံ့မဆိုင်းဘဲ ပြန်တင်ပြီး မွေးနေ့ဆုတောင်းကို အသိအမှတ်ပြုခဲ့ပါတယ်။

ဘရွတ်ကလင်း က အဖေ ကိုလေးစားတဲ့ အနေနဲ့ ဘတ်ခမ်းရဲ့ မွေးနှစ် “1975” ကို တက်တူး ထိုးထားခဲ့ပါတယ်။ တက်တူး ထိုးထားတဲ့နေရာက ညာဘက်လက်ဖမိုးရဲ့ လက်မနားမှာ ကန့်လန့်ဖြတ် ထိုးထားတာ ဖြစ်ပါတယ်။

ဘရွတ်ကလင်းမှာ တက်တူး အနိမ့်ဆုံး ၅ခုရှိပြီး သူ့ရဲ့ တက်တူးတွေကို ဆိုရှယ်မီဒီယာကဆင့် ပရိသတ်တွေဆီ ဂုဏ်ယူစွာ ပြသခဲ့ပါတယ်။ ပထမဆုံး တက်တူးထိုးတဲ့ အတွေ့အကြုံကို မျှဝေ ခံစားချင်တာကြောင့် သူမပါဘဲ တက်တူးမထိုးဖို့ သားဖြစ်သူကို တောင်းဆိုခဲ့ရတယ်လို့ ဒေးဗစ်ဘက်ခမ်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်းက စီးပွားရေးလောကမှာ အောင်မြင်ကျော်ကြားသလို သားသမီးတွေအတွက် နွေးထွေးရင်းနှီးမှု အပြည့်ပေးစွမ်းနိုင်တဲ့ ဖခင်ကောင်း တစ်ယောက်လည်း ဖြစ်လို့နေပါတယ်။

Ref: fabiosa.guru

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top