ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာက တစ်နှစ်တာဝင်ငွေအများဆုံး အားကစားမယ်အဖြစ် ရပ်တည်

27-5-2020-yyl-022.jpg

ဂျပန်တင်းနစ်ကြယ်ပွင့် နာအိုမီအိုဆာကာဟာ အမေရိကန်ဝါရင့်တင်းနစ်မယ် ဆရီနာဝီလျံကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဝင်ငွေအများဆုံး အားကစားမယ်အဖြစ် ရပ်တည်ခဲ့ပါတယ်။ အသက် ၂၂ နှစ်ပဲရှိသေးပေမဲ့ ဂရန်းဆလင်းဆုဖလား ၂ လုံး ဆွတ်ခူးထားတဲ့ အိုဆာကာဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ဆုကြေးနဲ့ ကြော်ငြာဝင်ငွေ ပေါင် ၃၀.၇ သန်း ရရှိခဲ့တယ်လို့ ဖို့ဘ်မဂ္ဂဇင်းက ဖော်ပြပါတယ်။ အဲဒီပမာဏဟာ ဆရီနာဝီလျံရဲ့ဝင်ငွေထက် ပေါင် ၁.၁၅ သန်း ပိုများခဲ့ပါတယ်။ အိုဆာကာနဲ့ ဆရီနာဝီလျံတို့ရဲ့ တစ်နှစ်တာဝင်ငွေပမာဏဟာ ၂၀၁၅ ခုနှစ်မှာ ရုရှားတင်းနစ်မယ် ရှာရာပိုဗာ စံချိန်တင်ထားတဲ့ တစ်နှစ်တာဝင်ငွေ ပေါင် ၂၄.၄ သန်းထက် ပိုများခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ ဖို့ဘ်မဂ္ဂဇင်းကအားကစားမယ်တွေရဲ့ ဝင်ငွေစစ်တမ်း ကောက်ယူခဲ့ချိန်ကစပြီး တစ်နှစ်တာဝင်ငွေ အများဆုံး အားကစားမယ်တွေစာရင်းမှာ တင်းနစ်မယ်တွေပဲ ထိပ်ဆုံးရပ်တည်ခဲ့ပါတယ်။ ဟေတီနိုင်ငံဖွား ဖခင်နဲ့ ဂျပန်နိုင်ငံသူမိခင်တို့က မွေးဖွားခဲ့တဲ့ အိုဆာကာဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ဝင်ငွေအကောင်းဆုံး ကစားသမား ၁၀၀ စာရင်းမှာ အဆင့် ၂၉ နေရာ ရပ်တည်နေပြီး ဆရီနာဝီလျံကနေ အဆင့် ၃၃ နေရာမှာ ရှိနေပါတယ်။ ဒီစာရင်းမှာ အားကစားမယ်နှစ်ယောက် ပါဝင်လာတာဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အိုဆာကာဟာ ၂၀၁၈ ခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲနဲ့ ၂၀၁၉ ခုနှစ် သြစတြေးလျအိုးပင်းပြိုင်ပွဲတွေမှာ ချန်ပီယံဖလား ရရှိခဲ့တာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top