ပရဟိတလုပ်ငန်းတွေ အားတက်သရော ဆောင်ရွက်ပေးခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အထူးအသိအမှတ်ပြုဆု ပေးအပ်

27-5-2020-yyl-023.jpg

COVID-19 ကပ်ရောဂါကြောင့် ဗြိတိန်နိုင်ငံမှာ အသွားအလာပိတ်ဆို့ထားတဲ့ ကာလအတွင်း FareShare ပရဟိတအဖွဲ့အတွက် ရန်ပုံငွေ ပေါင်သန်း ၂၀ နီးပါး တိုးမြှင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ဂရိတ်မန်ချက်စတာ အဆင့်မြင့် ရဲအရာရှိက အထူးအသိအမှတ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဘောလုံးပွဲတွေ ရပ်နားထားလို့ ရရှိလာတဲ့ အချိန်ပိုကို ကောင်းကောင်းအသုံးချပြီး ရန်ပုံငွေ ပိုရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ အစောပိုင်းမှာ သူက ရန်ပုံငွေ ပေါင် ၁၀၀၀၀၀ ရဖို့ပဲ ပစ်မှတ်ထားခဲ့ပေမဲ့ ပေါင်သန်း ၂၀ အထိ ရရှိခဲ့တာဖြစ်ပါတယ်။ FareShare အဖွဲ့ဟာ အစားအစာ လေလွင့်မှုကန့်သတ်ပြီး ဆာလောင်မှုလျှော့ချဖို့ လုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့ဖြစ်ပါတယ်။

” ပုံမှန်အားဖြင့်တော့ ဒီလိုကိစ္စတွေကို ကျွန်တော် လိုင်းပေါ်တင်လေ့မရှိပါဘူး။ ဒါပေမဲ့ ဒီဆုလက်မှတ်ကတော့ ကျွန်တော်တစ်ယောက်တည်းတင်မကဘူး။ အားလုံးနဲ့ဆိုင်တယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ တတ်နိုင်သလောက် လှူဒါန်းမှုတွေ စုပေါင်းလိုက်ချိန်မှာ ကြီးမားတဲ့အပြောင်းအလဲဖြစ်စေခဲ့တယ်။ အပတ်စဉ်တိုင်း ကလေးငယ် ၂.၈ သန်းကို စားနပ်ရိက္ခာတွေ ပို့ပေးနိုင်ခဲ့တယ်။ ခင်ဗျားတို့အကူအညီသာ မပါရင် ဒီကာလမှာ သူတို့စားစရာရှိမှာမဟုတ်ဘူး။ ခင်ဗျားတို့ အားလုံးနဲ့ FareShare ရဲ့ အကူအညီမပါရင် ကျွန်တော် ဒီလိုလုပ်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်မြို့ရဲ့ အသိအမှတ်ပြုခံရလို့ အရမ်းကျေနပ်ဂုဏ်ယူတယ်”လို့ ရက်ရှ်ဖို့ဒ်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီပြိုင်ပွဲစုံမှာ မန်ယူအတွက် ၃၁ ပွဲ ကစားပြီး ၁၉ ဂိုးသွင်းယူထားသူပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top