မက်ဒေါ်နယ်ရဲ့ အလေအလွင့်ကော်ဖီမှုန့်တွေကို ကားပစ္စည်းအစိတ်အပိုင်းတွေအဖြစ် ပြောင်းလဲပစ်မဲ့ ဖို့ဒ်ကားကုမ္ပဏီ

yyl-015-3.jpg

ဖို့ဒ်ကားကုမ္ပဏီ (Ford) က ကားပစ္စည်းအသစ်တွေကို ဖန်တီးဖို့အတွက် မက်ဒေါ်နယ် (McDonald’s)ရဲ့ကော်ဖီစေ့တွေကနေ အလေအလွင့်ဖြစ်နေတဲ့ ပစ္စည်းတွေကို မက်ဒေါ်နယ်ရဲ့ စီးပွားရေးမိတ်ဖက်အနေနဲ့ အသုံးပြုသွားမှာဖြစ်ကြောင်း ဒီဇင်ဘာ (၄) ရက်နေ့က ကြေညာခဲ့ပါတယ်။

ကားပစ္စည်းအစိတ်အပိုင်းအသစ်တွေကို ပလတ်စတစ်အစိတ်အပိုင်းတွေထက် အချိန်ကုန်သက်သာတဲ့ ကော်ဖီကြမ်းတွေကို အခြေခံထားတဲ့ ဇီဝပလတ်စတစ်တွေနဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲဒီအစိတ်အပိုင်းတွေက ပိုပြီးပေါ့ပါးတဲ့အပြင် ကားတစ်စီးစီကို အချိန်တိုတိုနဲ့ အကျိုးများစေမှာဖြစ်ပါတယ်။

ဖို့ဒ်က ၂၀ ရာခိုင်နှုန်း ပိုပြီးပေါ့ပါးမဲ့၊ ပုံစံခွက်ဖြစ်အောင်လုပ်ဖို့ ၂၅ ရာခိုင်နှုန်းလောက် အချိန်ကုန်သက်သာတဲ့ ကားမီးလုံးအသစ်တွေအပါအဝင် အခြားအစိတ်အပိုင်းတွေအတွက် ပလတ်စတစ်အစား ကော်ဖီကြမ်းတွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။ ကော်ဖီစေ့ကို အပူပေးလိုက်တဲ့အခါ ကော်ဖီစေ့ကနေ ထွက်လာတဲ့အသားကို ကော်ဖီကြမ်းလို့ခေါ်ပါတယ်။ ဒီလိုပေါ့ပါးတဲ့ ကော်ဖီကြမ်းကို တိရစ္ဆာန်မွေ့ရာနဲ့ အိပ်ရာခင်းလုပ်ဖို့အတွက် အများဆုံးအသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်နှစ်တွေက ဇီဝပလတ်စတစ်ပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်းတစ်ခုဖြစ်လာခဲ့ပါတယ်။

ကော်ဖီကြမ်းတွေကို ဇီဝပလတ်စတစ်အဖြစ် ပြောင်းပစ်ဖို့ဆိုရင် အောက်ဆီဂျင်နည်းတဲ့ပတ်ဝန်းကျင်မှာ ကော်ဖီကြမ်းကို အရင်ဆုံးအပူပေးပြီး အဲဒီနောက်မှာ အတောင့်ပုံစံဖြစ်အောင် ပလတ်စတစ်နဲ့ ရောပစ်ရပါတယ်။ နောက်ပိုင်းကျ အဲဒီအတောင့်တွေကို ပြန်အပူပေးနိုင်ပြီး ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးအဖြစ် ပုံသွင်းလို့ရပါတယ်။ အရင်ဆုံး ဒီဇီဝပလတ်စတစ်တွေကို ကားမီးလုံးတွေထုတ်လုပ်ဖို့အတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။

ကော်ဖီကြမ်းအခြေခံပလတ်စတစ်တွေကို ဘယ်ကားအမျိုးအစားအတွက် အသုံးပြုမယ်ဆိုတာကိုတော့ ဖို့ဒ်ကားကုမ္ပဏီက ထုတ်မပြောခဲ့ပါဘူး။ အရင်တုန်းကလည်း ဖို့ဒ်ကားတွေမှာ ပဲပုပ်ထုတ်ကုန်တွေနဲ့ပြုလုပ်တဲ့ကားထိုင်ခုံအစွပ်၊ တာယာအဟောင်းတွေနဲ့ ပြုလုပ်တဲ့ဂတ်စကက်၊ ဝါးနဲ့ပြုလုပ်တဲ့ အတွင်းပိုင်းခလုတ်ခုံအစိတ်အပိုင်းတွေ၊ ခရမ်းချဉ်သီးခွံနဲ့ပြုလုပ်တဲ့ လျှပ်စစ်ကြိုးကွင်းတွေအပါအဝင် ပြန်လည်အသုံးပြုလို့ရတဲ့အစိတ်အပိုင်းတွေကို ပိုပြီးအသုံးပြုဖို့ ဖို့ဒ်ကားကုမ္ပဏီက ကြိုးစားခဲ့ဖူးပါတယ်။

Ref: Dailymail “Ford will recycle McDonalds’ coffee waste material into energy efficient car parts including durable headlamps”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top