realme C33 “စျေးအတန်ဆုံး 50MP ဖုန်း” စတင်ဝယ်ယူနိုင်ပါပြီ

30-11-2022yyl15.jpg

“စျေးအတန်ဆုံး 50MP ဖုန်း” ဆိုသည့် realme C33 ကို realme Myanmar မှ အွန်လိုင်းစာမျက်နှာမှတစ်ဆင့် မိတ်ဆက်ပေးခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စတင်ရောင်းချခဲ့ပါသည်။ realme C33 ကို ဗားရှင်းနှစ်မျိုးဝယ်ယူနိုင်ပြီး 3GB+32GB အတွက် ၃၆၉,၉၀၀ ကျပ်နှင့် 4GB+64GB အတွက် ၃၉၉,၉၀၀ ကျပ် ဖြစ်သည်။

ကမ်းခြေခရီးသွားရတာ ကြိုက်နှစ်သက်သူများအတွက် ပင်လယ်ပြာပြာ Aqua Blue နှင့် တည်ငြိမ်ထူးခြားသည့် Night Sea အရောင်နှစ်မျိုးထဲမှ ရွေးချယ်နိုင်မှာဖြစ်သည်။ စျေးနှုန်းတန်ပြီး အကောင်းဆုံး 50MP CHDR ကင်မရာ၊ ရင်ခုန်စွဲမက်ဖွယ်ရာ Boundless Sea Design နှင့် realme C33 ကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ပြီး မြန်မာတစ်ပြည်လုံးမှ realme အရောင်းကောင်တာရှိသည့် ဖုန်းဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။

realme C33 နောက်ကျောဘက်ဒီဇိုင်းသည် အကန့်အသတ်မဲ့ ပင်လယ်ပြင်အလှတရားကို စိတ်ကူးပုံဖော်ထားသည့် Boundless Sea Design မျိုးဖြစ်ပြီး ပင်လယ်ကမ်းခြေမှ ပျော်ရွှင်စရာ အမှတ်တရများကို ပြန်လည်သတိရနေမည် ဖြစ်သည်။ အလင်းပြန်နေသော သဲမှုန်မျက်နှာပြင်နှင့် တစ်ဖျတ်ဖျတ်တောက်ပနေသော အပေါ်ယံအလွှာဖြင့် ဖုံးအုပ်ထားခြင်းကြောင့် ပင်လယ်ပြင်တွင် ရေစီးဆင်းနေသည့် အသွင်မျိုး ပေးစွမ်းမည်ဖြစ်သည်။

realme C33 ၏ အားသာချက်မှာ အကောင်းဆုံး 50MP CHDR ကင်မရာပါဝင်ခြင်းဖြစ်သည်။ ပုံမှန် HDR အလင်းအမှောင်ချိန်ညှိမှုများထက် ပိုမိုကောင်းမွန်သည့် CHDR algorithm နည်းပညာပါဝင်သဖြင့် 50MP Mode တွင် HDR စနစ်ဖွင့်ပြီး ပုံရိုက်ကူးသည့်အခါများမှာ ဝေဝါးခြင်းမရှိ၊ ကြည်လင်ပြတ်သားသည့် ပုံရိပ်များကိုရရှိစေနိုင်မည် ဖြစ်သည်။

realme C33 မှာ စွမ်းဆောင်ရည်မြင့် Unisoc T612 processor ပါဝင်သည်။ အလွန်ပါးလွှာသည့် ၈.၃မီလီမီတာ အထူရှိပြီး လျင်မြန်သော ဘေးဘက်ခလုပ် လက်ဗွေဖတ်စနစ်ပါဝင်သည်။ ၆.၅ လက်မ မြင်ကွင်းကျယ် မျက်နှာပြင် နှင့် ကြီးမားသော 5000 mAh ဘက်ထရီ ပါဝင်သောကြောင့် တစ်နေ့တာ စိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top