သိပ်မကြာခင် ထွက်လာတော့မယ့် iPhone အသစ်များ

0006975_iphone-x-e1558254754792.jpg

သိပ်မကြာခင် အသစ်ထွက်လာတော့မယ့် အိုင်ဖုန်းအသစ်ရဲ့ပုံတွေ ပေါက်ကြားလာခဲ့ပြန်ပါပြီ။ စက်တင်ဘာလလောက်မှာ iPhone 8 နဲ့ iPhone X တို့ကို နေရာယူပစ်မယ့် ဖုန်းအသစ်တွေ ထပ်မံထုတ်လုပ်ဖို့ Apple က ရည်ရွယ်ထားတယ်လို့ ကြားသိရပါတယ်။

ပိုအံ့ဩစရာဖြစ်စေတာကတော့ Apple က အသစ်ထုတ်ဖို့ စီစဉ်နေတာက ၁မျိုး၊ ၂မျိုး မဟုတ်ဘဲ ၃မျိုးဆိုတာပါပဲ။ iPhone X ကို update လုပ်ထားတဲ့ version လို့ပဲ ထင်နေရင်တော့ မှားသွားမှာပဲဖြစ်ပါတယ်။ တခြား plus-sized မော်ဒယ် ဖုန်းအသစ်လို့ ကောလဟာလတွေ ထွက်ရှိလာပါတယ်။

ထွက်ရှိလာတဲ့သတင်းအရ Apple က ဒီနှစ်အတွင်း အိုင်ဖုန်းအသစ် သုံးမျိုးကို ထုတ်လုပ်မှာဖြစ်ပြီး OLED screen အမျိုးအစား ၂လုံးနဲ့ LCD screen အမျိုးအစား ၁လုံး ဖြစ်တယ်လို့ သိရပါတယ်။ OLED အမျိုးအစား ဖုန်းတွေကတော့ စက်တင်ဘာလအတွင်းမှာ ထွက်ရှိမှာဖြစ်ပြီး LCD အမျိုးအစားဖုန်းကတော့ အောက်တိုဘာလကုန်လောက်မှ ထွက်ရှိလာမယ်လို့ သတင်းရရှိပါတယ်။

ဖုန်းအမျိုးအစားနာမည်တွေကတော့ iPhone 11, iPhone X Plus နဲ့ iPhone X2 တွေဖြစ်ပြီး iPhone 9 ကတော့ လုံးလုံးထွက်ရှိလာတော့မှာ မဟုတ်ပါဘူး။ OLED ဖုန်းတွေက ၅.၈လက်မနဲ့ ၆.၅လက်မ အရွယ်အစားရှိနိုင်ပြီး LCD ဖုန်းကတော့ ၆.၁လက်မ အရွယ်အစား ရှိမယ်လို့ ခန့်မှန်းရပါတယ်။ iPad လိုမျိုး landscape mood ကိုလည်း အသုံးပြုနိုင်မှာပါတဲ့။

အသစ်ထွက်ရှိမယ့်ဖုန်းတွေထဲက တစ်မျိုးရဲ့ ကျောဘက်ကင်မရာမှာတော့ triple-lens ပါဝင်မယ်လို့ ကြားသိရပါတယ်။ ဒီကင်မရာက အလင်း အရမ်းနည်းတဲ့နေရာတွေမှာတောင် ဓာတ်ပုံအရည်အသွေးကောင်းကောင်းကို ရရှိနိုင်မှာဖြစ်ပြီး ပုံကြီးချဲ့ရိုက်တာမျိုးတွေကိုလည်း အကောင်းဆုံး စွမ်းဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။ (Huawei ရဲ့ P20 Pro ရဲ့ ကျောဘက် ကင်မရာနဲ့တောင် တူနေပြန်ပါတယ်)

LCD screen ဖုန်းအမျိုးအစားရဲ့ ဈေးနှုန်းပိုင်းက ကျန်တဲ့ဖုန်းတွေထက် သက်သာမှာဖြစ်ပြီး ဈေးချိုချိုနဲ့ iPhone သုံးနိုင်အောင် ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ အရောင်တွေကတော့ အဝါ၊ အပြာနဲ့ အခြားအရောင်ဆန်းတွေ ထွက်ရှိလာနိုင်တယ်လို့ ကြားသိရပါတယ်။ ကင်မရာပိုင်း ပိုကောင်းလာသလိုပဲ Processor ပိုင်းမှာလည်း ပိုမိုမြန်ဆန်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

iPhone X ထက် ပိုကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေနဲ့ ထွက်ရှိလာမယ်လို့ မျှော်လင့်ရင်း စက်တင်ဘာလမှာ ထွက်ရှိမယ့် ဖုန်းအသစ်နှစ်မျိုးကို အတူတူ စောင့်စားလိုက်ကြရအောင်ပါ…။

Ref: The Independent “iPhone 9: Pictures emerge claiming to show new Apple handset as the release date nears”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top