အသရေဖျက်မှုနဲ့တရားစွဲဆိုမှုမှာ ဂျွန်နီဒက်ပ် အနိုင်ရ

2-6-2022-yyl04.jpg

၂၀၁၈ခုနှစ်က အမ်ဘာဟက်ဒ် ရေးခဲ့တဲ့ အိမ်တွင်းအကြမ်းဖက်မှုဆောင်းပါးက မင်းသားကြီး ဂျွန်နီဒက်ပ်ကို ရည်ညွှန်းနေတယ်ဆိုတာကို ဂျူရီလူကြီးတွေ တွေ့ရှိသွားခဲ့ပြီးတဲ့နောက် ဂျွန်နီက အသရေဖျက်မှုနဲ့ တရားစွဲဆိုမှုမှာ အနိုင်ရရှိသွားခဲ့ပါတယ်။ဂျွန်နီ ဒက်ပ်က လျော်ကြေးငွေ ဒေါ်လာ ၁၅ သန်းကိုရရှိမှာဖြစ်ပါတယ်။ ဂျွန်နီဒက်ပ်ဘက်ကလည်း အမ်ဘာဟက်ဒ်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတာတွေရှိတဲ့အတွက် ဒေါ်လာ ၂ သန်း ပေးရမှာဖြစ်ပါတယ်။ (၆) ပတ်ကြာ သက်သေတွေနဲ့တကွ ရုံတင်စစ်ဆေးမှုအပြီးမှာ ဂျူရီလူကြီး (၇) ဉီးက အခုလို အမိန့်ချခဲ့တာပါ။

တရားခွင်အတွင်း ဂျွန်နီက အမ်ဘာဟက်ဒ်ကို အကြမ်းဖက်မှုများစွာ ပြုလုပ်ခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဂျွန်နီက အမ်ဘာဟက်ဒ်ရဲ့မတော်မတရားစွပ်စွဲချက်တွေက လိမ်လည်လှည့်ဖြားမှုဖြစ်တယ်လို့ ပြောတဲ့အချိန် ဂျွန်နီရဲ့ရှေ့နေက အမ်ဘာကို အသရေဖျက်ခဲ့တယ်ဆိုတာကိုလည်း ဂျူရီလူကြီးတွေ တွေ့ရှိခဲ့ပါတယ်။ အဲဒါကြောင့် ဂျွန်နီဘက်ကလည်း အမ်ဘာကို လျော်ကြေးငွေပေးရတာပါ။

စီရင်ချက်ကို ဖတ်ကြားတဲ့အချိန် တရားရုံးအပြင်ဘက်မှာ စုရုံးနေတဲ့ ဂျွန်နီဒက်ပ်ရဲ့ပရိသတ်တွေက ဝမ်းသာအားရနဲ့ “ဂျွန်နီ…ဂျွန်နီ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။ တရားရုံးက ထွက်လာတဲ့အချိန်မှာလည်း ဂျွန်နီရဲ့ရှေ့နေတွေကို ဝိုင်းဆွဲခဲ့ကြပါတယ်။ ဂျူရီလူကြီးတွေရဲ့ဆုံးဖြတ်ချက်က သူ့ကို အသက်ပြန်ရှင်သန်စေခဲ့ပြီး ဆုံးဖြတ်ချက်ကို လေးစားပါတယ်လို့ ပြောပါတယ်။

“ကျွန်တော့်အပေါ် စွဲချက်မတင်ခဲ့ပေမဲ့ မှားယွင်းတဲ့၊ အလွန်ပြင်းထန်ပြီး ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေက ကျွန်တော့်ကို မီဒီယာကနေတဆင့် စွဲချက်တင်လိုက်တာပါပဲ။ ဒါက ကျွန်တော့်ဘဝနဲ့ကျွန်တော့်အသက်မွေးဝမ်းကြောင်းအပေါ် သက်ရောက်မှာဖြစ်စေခဲ့ပါတယ်။ ဒီအမှုဖြစ်ပေါ်စေခဲ့တဲ့ရည်ရွယ်ချက်က ဘယ်လိုရလဒ်ပဲဖြစ်ဖြစ် အမှန်တရားကို ဖော်ထုတ်ဖို့ပါပဲ”လို့ ဂျွန်နီဒက်ပ်က အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ဂျူရီလူကြီးတွေ အမိန့်ချမှတ်ပြီးတဲ့နောက် အမ်ဘာဟဒ်ကလည်း အမေရိကန်လူမျိုးတစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်မယ့် အခွင့်အရေးဆုံရှုံးလိုက်ရတဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်း အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

Ref: ABC.Net “Johnny Depp wins defamation case against former wife Amber Heard”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top