ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတဲ့ ကိုရီးယားမင်းသမီး ဂျွန်းမီဆန်း

66128721_1371575966327479_6381758159844802560_n.jpg

ကိုရီးယားမင်းသမီးချော ဆောင်းဟေကျိုတို့သတင်းနဲ့ ပရိသတ်တွေဂယက်ရိုက်နေချိန်မှာ နောက်ထပ် ကြေကွဲဖွယ်သတင်းတစ်ပုဒ်ကလည်း ကိုရီးယားနိုင်ငံဆီကနေ ပျံ့လွင့်လာပြန်ပါတယ်။ အဲဒါကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ဇာတ်ပို့ ဇာတ်ဆောင် မင်းသမီးတစ်လက်ဖြစ်တဲ့ ဂျွန်းမီဆန်း (Jeon Mi Sun) တစ်ယောက် ဟိုတယ်ခန်းမှာ သတ်သေသွားခဲ့တဲ့သတင်းပါ။

ဂျွန်းမီဆန်းဟာ အနုပညာလောကထဲကို ၁၉၈၆ ခုနှစ်တည်းက စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ရုပ်သံဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အနီးစပ်ဆုံး ပရိသတ်မှတ်မိနေမယ့် ဇာတ်လမ်းတွဲကတော့ The Moon that Embracing the Sun ၊ Reply 1988 ၊ Who Are You: School 2015 တို့ဖြစ်ပြီး အဲဒီကားတွေမှာ ဇာတ်ပို့အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ အသက် (၄၈) နှစ်ထိ သူဖြတ်သန်းလာခဲ့တဲ့အနုပညာသက်တမ်းမှာ သရုပ်ဆောင်ထူးချွန်ဆုများစွာကိုလည်း ဆွတ်ခူးပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

မင်းသမီး မီဆန်း ဂျွန်ဂျူးက ဟိုတယ်မှာ ဆွဲကြိုးချ သတ်သေသွားတာကို မီဒီယာတွေကလည်း အတည်ပြုပေးခဲ့ကြပါတယ်။ ခန့်မှန်းခြေ နံနက် (၁၁) နာရီ (၄၃) မိနစ်လောက်မှာ ဟိုတယ်ခန်းရဲ့သန့်စင်ခန်းထဲမှာ မင်းသမီးရဲ့ရုပ်အလောင်းကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ သူ့အခန်းဖော်က ရဲကို ချက်ချင်းအကြောင်းကြားခဲ့ပေမဲ့ အရေးပေါ်ကားရောက်လာချိန်မှာတော့ အသက်မရှိတော့ပါဘူး။ ကြိုးဆွဲချ သတ်သေတာကိုလည်း မျက်မြင်သက်သေက ထွက်ဆိုထားပါတယ်။

မင်းသမီးက “2 Nights and 3 Days with Mother” ဆိုတဲ့ပြဇာတ်အတွက် ပြင်ဆင်စရာရှိလို့ ဟိုတယ်မှာ တည်းခိုနေတာဖြစ်ပြီး ဒီပြဇာတ်ကိုတော့ ချွန်းဘတ်ခ်တက္ကသိုလ်မှာ တင်ဆက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ ပြဇာတ်ကို ဖျက်သိမ်းလိုက်ရပါပြီ။ တောင်ကိုရီးယားနိုင်ငံရဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက် အခုလိုမျိုးကြွေလွင့်သွားရတဲ့သတင်းကိုကြားရတာ ဝမ်းနည်းစရာဖြစ်လို့ သတင်းမှားဖြစ်ပါစေလို့တောင် ဆုတောင်းမိနေပါတယ်။

Ref: allkpop “Actress Jeon Mi Sun (48) found dead in her hotel room”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top