One Direction အဖွဲ့ကို အဖွဲ့သားဟောင်းတွေ တစ်စုတစ်စည်းတည်းနဲ့ ပရိသတ်တွေ ပြန်လည်မြင်တွေ့ရဦးမယ်

21-4-2020-yyl-012.jpg

One Direction အဖွဲ့ ပြန်လည်ဆုံစည်းကြဦးမယ်ဆိုတဲ့ ကောလဟာလသတင်းဟာ ထွက်ရှိလာခဲ့တာ ကြာတောင်ကြာနေပါပြီ။ အခုဆိုရင် အဲဒီကောလဟာလနဲ့ပတ်သက်ပြီး One Direction အဖွဲ့ဝင်ဟောင်း အဆိုတော်လီယမ်ပိန်း (Liam Payne) က အကြာကြီးစောင့်ဆိုင်းခဲ့ရတဲ့ ပြန်လည်ပေါင်းစည်းမှုကြီးဖြစ်လာမှာလို့ ထုတ်ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ပြန်လည်ဆုံစည်းမှုမှာ ဇိန်း မာလိခ် (Zayn Malik) ပါမှာမဟုတ်ဘူးလို့လည်း အရိပ်အမြွတ်ပြောထားပါတယ်။

One Direction အဖွဲ့ ၂၀၁၅ခုနှစ်မှာ ဖျက်သိမ်းခဲ့ပြီးကတည်းက လီယမ်က တစ်ကိုယ်တော်အဖြစ် အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်နေခဲ့တာပါ။ One Direction အဖွဲ့ဝင်ဟောင်းတွေက နောက်တစ်ပတ်လောက်ဆိုရင် ပထမဆုံးပြန်လည်ဆုံစည်းတဲ့အနေနဲ့ Video Call လုပ်မှာဖြစ်တယ်လို့ လီယမ်က ထုတ်ပြောထားပါတယ်။ (၁၀) နှစ်ပြည့်ပွဲကို စီစဉ်နေတဲ့သတင်းနဲ့ ပတ်သက်ပြီးတော့လည်း ထုတ်ပြောပြထားပါသေးတယ်။

“ကျွန်တော်တို့အားလုံး လန်ဒန်မှာပါပဲ။ ကျွန်တော်တို့ရဲ့ ပထမဆုံးအဖွဲ့လိုက် Video Call လုပ်ဖို့ စီစဉ်နေခဲ့ကြတာပါ။ DJ Alesso လည်း ပါဝင်လို့ရပါတယ်။ ဇိန်းနေရာမှာဖြည့်ပေးပါ။ အဖွဲ့မှာ လာjoinလိုက်ပါ။ ကျွန်တော် အရမ်းကြီးပြောလို့မရပါဘူး။ လူးဝစ် တွန်လင်ဆန် (Louis Tomlinson)က ကျွန်တော်တို့ရဲ့အစီအစဉ်တွေကို အရမ်းကြီးထုတ်မပြောဖို့ သြဝါဒခြွေထားပါတယ်။ ဒါကြောင့် ကျွန်တော်မှာ အဖွဲ့လိုက်သြဝါဒခြွေမယ့် Group Chatရှိပါတယ်လို့ လီယမ်က ပြောပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက လီယမ်ရဲ့တစ်ကိုယ်တော်သီချင်း Midnight အတွက် အင်တာဗျူးမှာ “ကျွန်တော်တို့ မကြာခင်မှာ (၁၀) နှစ်ပြည့်တော့မှာပါ။ ဒါကြောင့် ကျွန်တော်တို့ အရင်ကအကြောင်းတွေ တော်တော်များများ ပြောဖြစ်ကြပါတယ်။ လူတော်တော်များများရဲ့ အသံတွေ၊ လူတွေကို မမြင်တွေ့ရတာကြာပါပြီ။ (၁၀) နှစ်ပြည့်ကအရမ်း စိတ်ဝင်စားစရာကောင်းပါတယ်။ ကျွန်တော့်ပြောလို့ရမရ မသေချာပါဘူး။ ကျွန်တော်တို့အားလုံး လူတွေမျှော်လင့်သလိုဖြစ်အောင်လုပ်ဖို့ကြိုးစားလုပ်ဆောင်ရမယ့်အရာတွေရှိပါတယ်။ ကျွန်တော်တို့ ထပ်ပြီး အတူတူရှိဖို့အတွက် ကောင်းတဲ့အချိန်တွေ ရှိခဲ့ပါတယ်”လို့လီယမ်က ပြောပါတယ်။ One Direction အဖွဲ့ရဲ့ (၁၀) နှစ်ပြည့်ကျင်းပမှာလားဆိုတာကတော့ မသေချာသေးပေမဲ့ အဖွဲ့လိုက် Video Call ကတော့ သေချာပေါက်လုပ်သွားမှာဖြစ်ပါတယ်။

One Direction အဖွဲ့ဟာ အဖွဲ့မဖျက်သိမ်းခင်က အခွေ သန်း (၅၀) ကျော်ရောင်းချနိုင်ခဲ့ပြီး ပရိသတ်တွေ တစ်ခဲနက်အားပေးခဲ့ရတာဖြစ်ပါတယ်။

Ref: Liam Payne confirms 1D reunion without Zayn Malik

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top