အုန်းဆီက ပေးစွမ်းနိုင်တဲ့ အလှအပအကျိုးကျေးဇူးများ

oil4.jpg

အုန်းဆီဟာ ဟိုအရင်ကတည်းက လူအများစု အသုံးပြုလာတဲ့ ဆီတစ်မျိုးဖြစ်တာကြောင့် ဒီဆီရဲ့ အကျိုးကျေးဇူးများစွာကို သိပြီးသားဖြစ်မှာပါ။ အသားရေထိန်းသိမ်းမှုအတွက် အုန်းဆီဟာ အကောင်းဆုံးဆီတွေထဲက တစ်ခုပါပဲ။ ဘတ်တီးရီးယားနဲ့ မှိုတွေကို ဖယ်ရှားပေးတဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင့် အလှအပရေးရာအတွက် ဒီဆီကို နည်းလမ်းမျိုးမျိုးနဲ့ အသုံးပြုလို့ရပါတယ်။ အသားရေထိန်းသိမ်းဖို့အတွက် အုန်းဆီကို အသုံးပြုလို့ရနိုင်တဲ့ အလှအပအကျိုးကျေးဇူးတွေကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

အသားရေ စိုပြေစေခြင်း

ဒီအစွမ်းထက်ဆီက အသားရေ စိုပြေလာအောင် စွမ်းဆောင်နိုင်စွမ်းရှိတဲ့ အဆီအက်ဆစ်တွေနဲ့ ဗီတာမင်အီဓာတ်တွေ ပါဝင်မှု မြင့်မားပါတယ်။ ဒါက ရေဓာတ်ကို ထိန်းပေးပြီး အသားရေ နူးညံ့စိုပြေလာအောင် ကူညီပေးပါတယ်။

ဝက်ခြံတွေကို တိုက်ဖျက်ပေးခြင်း

အုန်းဆီက မှိုဖြစ်ခြင်းတွေကို ဖယ်ရှားပေးတဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ဝက်ခြံတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။ ဒီဆီကို အစက်အပြောက်တွေ ပျောက်အောင် အသုံးပြုလို့ရပြီး ဝက်ခြံပေါက်တဲ့နေရာမှာ အသုံးပြုပေးပါ။ ဒီဆီမှာ ပါဝင်တဲ့ အဆီအက်ဆစ်တွေက ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးပြီး အဆီဂလန်းထုတ်လုပ်မှုကို ညီမျှအောင် ကူညီပေးပါတယ်။

အိုမင်းရင့်ရော်မှုကို တားဆီးပေးခြင်း

အုန်းဆီကို အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ အသားရေထိန်းသိမ်းနည်းထုတ်ကုန်တွေမှာ အသုံးပြုလေ့ရှိပါတယ်။ ဒီဆီက အသားရေ ကျန်းမာနုပျိုလာအောင် ကူညီပေးပါတယ်။ အသားထဲကို စိမ့်ဝင်စေတာကြောင့် ရေဓာတ်ဖြည့်ပေးသလို နုပျိုမှုကိုလည်း ပေးစွမ်းပါတယ်။

ဖျက်ရခက်တဲ့ မိတ်ကပ်တွေကို ဖယ်ရှားပေးခြင်း

ဒီဆီက ဖျက်မရဖြစ်နေတဲ့ မိတ်ကပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ရေစိုခံ eyeliner၊ ရေစိုခံမျက်တောင်ကော့ဆေးတွေကိုလည်း ဖယ်ရှားပေးပါတယ်။ မျက်နှာပေါ်က ဖျက်ရခက်တဲ့အရာတွေကို ဖယ်ရှားချင်ရင်တော့ ဝါဂွမ်းစနဲ့ အုန်းဆီကို ယူပြီး ညင်ညင်သာသာလေး ဖျက်ချင်တဲ့နေရာမှာ ပွတ်လိုက်ပါ။ ဒါက တစ်ချိန်တည်းမှာပဲ အသားရေကို အာဟာရဓာတ်ဖြည့်ပေးပါတယ်။

Ref: Why coconut oil is fantastic for your skin
WL (ရိုးရာလေး)


Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top