မိုရာတာကို အငှားပြန်လည်ခေါ်ယူခဲ့တဲ့ ဂျူဗင်တပ်

23-9-2020-yyl-021.jpg

ဂျူဗင်တပ်အသင်းက အက်သလက်တီကို တိုက်စစ်မှူး မိုရာတာကို တစ်နှစ်အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူလိုက်ပါပြီ။ စပိန်လက်ရွေးစင်တိုက်စစ်မှူး မိုရာတာဟာ ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ ရာသီတွေတုန်းက ဂျူဗင်တပ်မှာ ကစားခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး (၂၇)ဂိုး သွင်းယူကာ ဖလား(၅)လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။ အဲဒီနောက်မှာ ရီးရဲလ်၊ ချဲလ်ဆီးအသင်းတွေကို ပြောင်းရွှေ့ကစားခဲ့ပြီး ပြီးခဲ့တဲ့ရာသီက အက်သလက်တီကိုမှာ ကစားခဲ့ပါတယ်။

ဂျူဗင်တပ်နဲ့ အက်သလက်တီကိုအသင်း ချုပ်ဆိုခဲ့တဲ့စာချုပ်အရ မိုရာတာကို တစ်ရာသီအငှားခေါ်ယူမှုအတွက် ယူရို(၁၀)သန်း၊ နောက်တစ်ရာသီ ထပ်ခေါ်ချင်ရင် နောက်ထပ်ယူရို(၁၀)သန်း၊ အပြီးသတ်ခေါ်ယူချင်ရင်တော့ လာမယ့်ရာသီမှာ ယူရို(၄၅)သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ ဖော်ပြထားပါတယ်။ ဂျူဗင်တပ်က ၂ ရာသီ အငှားခေါ်ပြီးမှ အပြီးသတ်ခေါ်ချင်ရင် အက်သလက်တီကိုကို နောက်ထပ် ယူရို(၃၅)သန်း ပေးရမှာဖြစ်လို့ အပြီးသတ်ခေါ်ယူမှုတန်ဖိုးက ယူရို (၅၅)သန်း( ပေါင်သန်း ၅၀) ကုန်ကျမှာပါ။ ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်က အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့သွားလို့ ဂျူဗင်တပ်က ဆွာရက်ဇ်၊ ဒီဇီကိုတို့ကို ခေါ်ယူဖို့ ဆက်သွယ်နေပြီး ရိုးမားက ဒီဇီကိုရဲ့နေရာမှာ အစားထိုး ကစားသမား ရှာမတွေ့သေးလို့ အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ဖို့ အခက်တွေ့နေတာ ဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top