ဝက်စ်ဟမ်းနည်းပြ မိုရက်စ်နဲ့ ကစားသမား ၂ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

23-9-2020-yyl-020.jpg

ဝက်စ်ဟမ်းနည်းပြ မိုရက်စ်နဲ့ ကစားသမား ၂ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ နောက် ၁ နာရီအကြာမှာပဲ ဟူးလ်စီးတီးအသင်းနဲ့ ခရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်ကစားခွင့်ပေးခဲ့တဲ့အတွက် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ဝက်စ်ဟမ်းနည်းပြ မိုရက်စ်၊ နောက်ခံလူ အစ်ဆာဒီအော့၊ ကွင်းလယ်လူ ဂျို့ရှ်ကူလမ်တို့က ဟူးလ်စီးတီးနဲ့ပွဲစဉ်အတွက် လန်ဒန်ဘောလုံးကွင်းထဲ ရောက်ရှိနေချိန်မှာ သူတို့ရဲ့ဓာတ်ခွဲစစ်ဆေးမှုအဖြေက Positive (ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ)ထွက်ခဲ့လို့ ကွင်းထဲကနေ ချက်ချင်းထွက်သွားခဲ့ပါတယ်။ အစ်ဆာဒီအော့ဖ်နဲ့ ဂျို့ရှ်ကူလမ်တို့ဟာ ဟူးလ်စီးတီးနဲ့ပွဲစဉ်ရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့သူတွေပါ။

ဝက်စ်ဟမ်းနည်းပြနဲ့ ကစားသမားတွေမှာ ရောဂါပိုး တွေ့ရှိခဲ့ပေမဲ့ ပွဲကစားခွင့်ပေးခဲ့လို့ ၂ သင်းလုံးရဲ့ ကစားသမားတွေကို ရောဂါပိုး ကူးစက်သွားမလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လိဂ်ဖလားအဖွဲ့ရဲ့ ဆရာဝန်တွေနဲ့ နှစ်ဖက်အသင်းရဲ့ ဆေးအဖွဲ့ တိုင်ပင်ပြီး သတ်မှတ်ချက်တွေအတိုင်း ခွင့်ပြုပေးခဲ့တာလို့ ဆိုပါတယ်။ အဲဒီအတွက် ကစားသမားတွေကြား ရောဂါကူးစက်ပြန့်ပွားနိုင်ခြေ နည်းတယ်လို့ လိဂ်ဖလားအဖွဲ့က ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top