အင်တာမီလန်ကို ပြောင်းရွှေ့သွားတဲ့ ဗီဒယ်

23-9-2020-yyl-022.jpg

ဘာစီလိုနာအသင်းက ကွင်းလယ်လူ ဗီဒယ်ကို အင်တာမီလန်အသင်းထံ ပေါင် ၉ သိန်းကျော်နဲ့ ရောင်းချခဲ့ပါတယ်။ အင်တာမီလန်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ချီလီလက်ရွေးစင်ကွင်းလယ်လူ ဗီဒယ်ကို ခေါ်ယူချင်ခဲ့ပေမဲ့ ဗီဒယ်နဲ့ ဘာစီလိုနာအသင်းကြားမှာ ဆုကြေးခံစားခွင့်ကိစ္စ အရှုပ်အထွေး ဖြစ်ပွားခဲ့လို့ တရားစွဲဆိုတဲ့အဆင့် ဖြစ်ခဲ့ပါတယ်။ ဗီဒယ်က အင်တာမီလန်ကို ပြောင်းရွှေ့ချင်လို့ ဘာစီလိုနာကို တရားစွဲပြီး အကျပ်ကိုင်ခဲ့တာလို့ ဘာစီလိုနာက တုံ့ပြန်ခဲ့ပါတယ်။

ဗီဒယ်ဟာ ဘာစီလိုနာမှာ ၂ ရာသီကြာ ကစားခဲ့တဲ့ကာလအတွင်း ပြိုင်ပွဲစုံ ၉၆ ပွဲ ကစားပြီး ၁၁ ဂိုး သွင်းယူခဲ့သူပါ။ သူဟာ ၂၀၁၈-၁၉ ရာသီက ဘာစီလိုနာနဲ့အတူ လာလီဂါဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီအတွက် မတူညီတဲ့ လိဂ်ပြိုင်ပွဲ(၃)ခုမှာ ၈ နှစ်ဆက်တိုက် အမှတ်ပေးဖလား ဆွတ်ခူးနိုင်သူ ဖြစ်လာခဲ့ပါတယ်။ ဗီဒယ်ဟာ အင်တာမီလန်ကို ပြောင်းရွှေ့လာတဲ့ ၆ ဦးမြောက် ချီလီကစားသမား ဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top