မက်ဂရီဂေါ်နဲ့ ဒေါ်နယ်ဆီရွန်တို့ ထိုးသတ်ဖွယ်ရှိ

aa2.jpg

သိုင်းပေါင်းစုံသမား မက်ဂရီဂေါ်နဲ့ ဒေါ်နယ်ဆီရွန်တို့ ပွဲဖြစ်မြောက်တော့မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ UFC Phoenix ပွဲစဉ်အပြီး UFC Fight Companion အစီအစဉ်မှာ အားကစားအစီအစဉ်တင်ဆက်သူ ဂျိုးရိုဂန်က အခုလို ပြောခဲ့တာပါ။ ”ကျွန်တော် သိရသလောက်ဆိုရင်တော့ ကော်နာ(မက်ဂရီဂေါ်)နဲ့ ကောင်းဘွိုင်(ဒေါ်နယ်ဆီရွန်)တို့ စာချုပ်ချုပ်ဆိုပြီးပါပြီ”လို့ ဂျိုးရိုဂန်က ပြောပါတယ်။

နောက်ဆုံးပွဲစဉ်မှာ လိုက်ဝိတ်တန်းအဖြစ် ထိုးသတ်ခဲ့တဲ့ ဒေါ်နယ်ဆီရွန်ဟာ အလက်ဇန္ဒားဟာနန်ဒက်ဇ်ကို အနိုင်ယူပြီး UFC ပြိုင်ပွဲမှာ (၂၂) ပွဲမြောက် အနိုင်ရလဒ် ပိုင်ဆိုင်ခဲ့သူပါ။ အဲဒီပွဲစဉ်အပြီး မက်ဂရီဂေါ်က ဒေါ်နယ်ဆီရွန်ထံ မက်ဆေ့ပို့ခဲ့ပါသေးတယ်။ အိုင်ယာလန်သိုင်းပေါင်းစုံသမား မက်ဂရီဂေါ်ဟာ နာမာဂိုမီဒေါ့ဗ်ကို ရှုံးနိမ့်ခဲ့တဲ့ UFC 229 ပွဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့အတွက် (၆) လ ပွဲပယ်ခံထားရပြီး လာမယ့်ဧပြီလကျမှ ပွဲထိုးခွင့် ပြန်ရမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top