ဆံပင်ရှည်ကြီးနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ ကလေးငယ်

38437700_293463231410424_1206761234649579520_n.jpg

အရမ်းချစ်ဖို့ ကောင်းတဲ့ ဂျပန်ပြည်က ခြောက်လသားအရွယ် ကလေးမလေးကတော့ အင်တာနက်ပေါ်မှာ တစ်ကမ္ဘာလုံးရဲ့ ချစ်မြတ်နိုးမှုတွေကို သိမ်းကျူံးရယူနေတဲ့ ကလေးလေးဖြစ်လာနေပြန်ပါပြီ။

အင်တာနက်ရဲ့ အကျိုးကျေးဇူးတစ်ခုပါပဲ။

ကလေးလေးရဲ့ နာမည်က ချန်ကို(Chanco) ပါ။ သူ့ကို အခုလို လူချစ်လူချင်ပေါများလာစေခဲ့တဲ့ အကြောင်းအရင်းကတော့ ခြောက်လသမီးအရွယ်နဲ့ မလိုက်အောင်ကို ရှည်လျားထူထဲနေတဲ့ ဆံပင်ရှည်ကြီးနဲ့ အရမ်းအသည်းယားစရာကောင်းနေခဲ့လို့ပါပဲ။

ချန်ကိုလေးရဲ့ အမေကတော့ ” သမီးလေးက မွေးကတည်းကတင် ဆံပင်ကအတော်ထူတာ။ အရမ်းချစ်ဖို့ကောင်းလွန်းလို့ အမှတ်တရ ဓာတ်ပုံတွေရိုက်ယူထားရင်း အခုလို လူအများကြီးက သိသွားပြီး အချစ်ခံနေရတာပါ။ ချန်ကိုလေး ကြီးပြင်းလာတဲ့အခါ သူ့ဆံပင်တွေပိုရှည်လာပြီး ဘယ်လို ပိုချစ်ဖို့ပိုကောင်းလာမလဲ ဆိုတာ အားလုံးစိတ်ဝင်စားနေကြမယ်ထင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ချန်ကိုလေးရဲ့ အင်စတာဂရမ် (Instagram) ကတော့ လက်ရှိအချိန်မှာ ဖော်လိုဝါပေါင်း ၁သိန်း၂သောင်းတောင် ရှိနေပြီဖြစ်ပါတယ်။

Ref: Newsrepublic.net “People Can’t Get Enough Of This Baby’s Epic Hair”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top