လူမှုဆက်ဆံရေးမှာ သေချာပေါက် အသုံးဝင်စေမယ့် စကား(၃)ခွန်း

8-7-2020-yyl-017.jpg

ဘယ်အသက်အရွယ်အပိုင်းအခြားမှာမဆို လူမှုဆက်ဆံရေး ကောင်းမွန်ဖို့က အလွန့်အလွန်ကို အရေးကြီးပါတယ်။ ပညာတွေဘယ်လောက်တတ်နေပါစေ လူမှုဆက်ဆံရေး မပြေပြစ်ဘူးဆိုရင်လည်း ထင်ထားသလောက်

အောင်မြင်မှုမရရှိနိုင်ပါဘူး။ လူမှုဆက်ဆံရေးပြေပြစ်ကောင်းမွန်စေဖို့ အဓိကအရေးကြီးဆုံးက ပြောဆိုဆက်ဆံရေးပါပဲ။ အပြောချိုရင် လေယာဉ်ပျံတောင် အလကားစီးလို့ရတယ်ဆိုတဲ့ စကားအတိုင်း သင့်ပတ်ဝန်းကျင်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးနဲ့ အပြောအဆို အဆင်ပြေတယ်ဆိုရင် သင့်ရဲ့စီးပွားရေး အလုပ်အကိုင်အတွက် များစွာ အထောက်အကူပြုစေမှာပါ။ ဘဝအောင်မြင်ခြင်း သော့ချက်တစ်ခုဖြစ်တဲ့ လူမှုဆက်ဆံရေးကောင်းစေဖို့ မဖြစ်မနေ ပြောသင့်ဆိုသင့်တဲ့ စကား (၃)ခွန်းကို ဝေမျှပေးလိုက်ပါတယ်။

ပထမတစ်ခုကတော့ တစ်စုံတစ်ယောက်က သင့်အကျိုးကိုဆောင်ပေးတဲ့အခါ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားကို ပြန်ပြောဖို့မမေ့ပါနဲ့။ ပိုက်ဆံတွေ သိန်းသောင်းချီပြီး အကျိုးဆောင်မှ မဟုတ်ပါဘူး။ ဥပမာ သင်လိုချင်တဲ့ အစားအစာတစ်ခုကို စားပွဲထိုးလေးက လာပြီးချပေးတဲ့အခါမှာလည်း ကျေးဇူးတင်စကားဆိုသင့်ပါတယ်။ “ကျေးဇူးနော်” ဆိုတဲ့စကားလေးတစ်ခွန်းက တစ်ဖက်လူရဲ့ ရင်ထဲကိုအေးမြစေပြီး သင့်ကို ပိုပြီး ရင်းနှီး ချစ်ခင်သွားစေပါတယ်။

ဒုတိယတစ်ခုကတော့ အမှားတစ်ခု ပြုလုပ်မိတဲ့အခါ ခေါင်းမရှောင်ဘဲ ကိုယ့်အမှားကိုယ် တာဝန်ယူပြီး တောင်းပန်စကားကို ပြောသင့်ပါတယ်။ တစ်ဖက်က ဒေါသထွက်နေရင်တောင်မှ “တောင်းပန်ပါတယ် ခင်ဗျ” “တောင်းပန်ပါတယ်ရှင်” ဆိုတဲ့စကားကြောင့် ဒေါသတွေ ပြေလျော့သွားနိင်ပါတယ်။ ဒါကြောင့်မို့ “တောင်းပန်ပါတယ်” ဆိုတဲ့ စကားကို ပြောဆိုဖို့ တွန့်ဆုတ်မနေသင့်ပါဘူး။

တစ်ခုခုကို သင်လုပ်ချင်တဲ့အခါမျိုး (အခြားသူတစ်ယောက်ရဲ့ ခွင့်ပြုချက် လိုတဲ့အခါမျိုး) မှာ “ကျေးဇူးပြုပြီး” ဆိုတဲ့ ခွင့်တောင်းစကားလေးကို အသုံးပြုပေးပါ။ သင့်ထက် အသက်အရွယ် ရာထူးကြီးတဲ့သူတွေကိုသာမက လက်အောက်ငယ်သားတွေကို ဆက်ဆံပြောဆိုတဲ့အခါမှာလည်း အသုံးပြုသင့်ပါတယ်။ ဒီလိုမျိုး ခွင့်တောင်းစကားဆိုခြင်းက သင့်ကို ယဉ်ကျေးတဲ့လူတစ်ယောက်အဖြစ် မြင်စေနိင်တဲ့အပြင် လက်အောက်ငယ်သားတို့ရဲ့ လေးစားချစ်ခင်မှုကိုလည်း ပိုပြီး ရရှိနိုင်ပါတယ်။

အခုဖော်ပြထားတဲ့ စကား(၃)ခွန်းကို နေ့စဉ်လူမှုဘဝဆက်ဆံရေးမှာ လက်တွေ့ပြောဆိုမယ်ဆိုရင် သင်အခုထက်ပိုပြီး လူချစ်လူခင်ပေါများစေမှာဖြစ်ပြီး လုပ်ငန်းခွင်မှာလည်း အခုထက်ပိုပြီး အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top