ဘောလုံးလောကမှာ နတ်ဘုရားတစ်ပါးပဲရှိတယ်လို့ မက်ဆီကို စပိန်မီဒီယာတွေ ဂုဏ်ပြု

yyl-008-1.jpg

လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဂျ်နဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ၂၀၁၉ ခုနှစ်အတွက် Ballon d;Or ဆု ဆွတ်ခူးခဲ့တဲ့ မက်ဆီကို စပိန်မီဒီယာတွေက ဂုဏ်ပြုခဲ့ပါတယ်။ မက်ဆီဟာ Ballon d’Or ဆုကို စံချိန်တင် ဆွတ်ခူးမှုအဖြစ် (၆)ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး အဓိကပြိုင်ဘက် ရော်နယ်ဒိုထက် တစ်ကြိမ် ပိုများခဲ့ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုဟာ မျက်မှောက်ခေတ် ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား ၂ ယောက်လို့ ချီးကျူးခံထားရသူတွေပါ။

ဒါပေမဲ့ ဘာစီလိုနာမြို့အခြေစိုက် Sport မဂ္ဂဇင်းကတော့ မက်ဆီ ရထားတဲ့ Ballon d’Or ဆုပုံကို ဖော်ပြပြီး ”ဘောလုံးလောကမှာ နတ်ဘုရားတစ်ပါးပဲရှိတယ်”လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။ မက်ဒရစ်မြို့ အခြေစိုက် မာကာသတင်းစာကလည်း Ballon d’Or ဆု ဆွတ်ခူးခဲ့တဲ့ မက်ဆီရဲ့ ပုံရိပ်တစ်ခုချင်းစီကို ယှဉ်တွဲဖော်ပြခဲ့ပါတယ်။ AS နဲ့ Mundo Deportivo သတင်းဌာနတွေကတော့ M6SSI၊ MESSIX လို့ သုံးနှုန်းခဲ့ကြပါတယ်။

Ballon d’Or ဆု ဆွတ်ခူးခဲ့ပြီးနောက်မှာ မက်ဆီက ” ကျွန်တော့်ကို ချစ်တဲ့ ဘာစီလိုနာမြို့က လူတွေကို အရမ်းကျေးဇူးတင်တယ်။ ဒီနေ့က ထူးခြားတဲ့နေ့ပါ။ ဒီဆုက အရမ်းအဓိပ္ပာယ်ရှိတယ်။ ကျွန်တော် အရမ်းပျော်တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရ ကျွန်တော် ရရှိခဲ့တဲ့ ဆုတွေအကြောင်း ပြန်တွေးပြီး ပီတိဖြစ်နေဖို့ အချိန်မရှိတာ အမှန်ပါပဲ။ အချိန်ရရင်တော့ အောင်မြင်မှုအားလုံးကို ပြန်တွေးမယ်။ ဒါပေမဲ့ လောလောဆယ်တော့ အခြေအနေတွေကတော့
အပြောင်းအလဲမြန်လွန်းလို့ နောက်တစ်ပွဲအကြောင်းပဲ တွေးနိုင်ပါတယ်”လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top