ပရီးမီးယားလိဂ်မှာ အသင်းလိုက်လေ့ကျင့်ရေးပြန်စရင် ဘောလုံးဖျက်ထုတ်ကစားတာကို တားမြစ်ထား

13-5-2020-yyl-023.jpg

ပရီးမီးယားလိဂ်မှာ အသင်းလိုက် လေ့ကျင့်ရေး ပထမအဆင့် ပြန်စတဲ့အခါ ဘောလုံးဖျက်ထုတ်ကစားတာကို တားမြစ်ပိတ်ပင်ထားပြီး ကွင်းတွေကို ပိုးသတ်ဆေးဖျန်းတာ၊ ကစားသမား ၅ ယောက်၊ တစ်စု လေ့ကျင့်ခိုင်းတာမျိုး ပြုလုပ်သွားမှာပါ။ ပြီးခဲ့တဲ့အင်္ဂါနေ့က ကစားသမားတွေ၊ နည်းပြတွေကို ပေးပို့ခဲ့တဲ့ တရားဝင်စည်းမျဉ်းကန့်သတ်ချက်တွေအရ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေခိုင်းရေးကို တင်းတင်းကျပ်ကျပ် လိုက်နာရမယ်လို့ ဖော်ပြထားပါတယ်။

လေ့ကျင့်ရေးတစ်ကြိမ်ပြုလုပ်ပြီးတိုင်း အလံတိုင်တွေ၊ ဘောလုံးတွေ၊ ဂိုးတိုင်တွေ၊ လေ့ကျင့်ရေးအတွက် အသုံးပြုတဲ့ ထုချွန်တွေ၊ ကွင်းမြက်ခင်းပြင်တွေကို ပိုးသတ်ဆေးဖျန်းမှာပါ။ လာမယ့်တနင်္လာနေ့ကစပြီး လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖို့ လိဂ်အကြီးအကဲတွေက မျှော်လင့်နေပြီး လေ့ကျင့်ရေးအစီအစဉ်ကို ၇၅ မိနစ်ပဲ လုပ်ရမယ်လို့ ကန့်သတ်ထားပါတယ်။ စောင့်ကြည့်ရေးစည်းမျဉ်းတွေအရ တစ်ပတ်ကို ဆေးစစ်မှု ၂ ကြိမ်လုပ်မှာဖြစ်ပြီး နေ့စဉ်နေ့တိုင်း လေ့ကျင့်ရေး အစီအစဉ်မတိုင်မီ မေးခွန်းမေးမြန်းမှုနဲ့ အပူချိန်တိုင်းတာမှု ပြုလုပ်မှာပါ။ နောက်ထပ်စည်းမျဉ်းတွေအရ ကစားသမားတွေဟာ လေ့ကျင့်ရေးကွင်းကို အသွား၊ အပြန်လုပ်ရာမှာ ဘယ်သူနဲ့မှ ကပ်လိုက်လို့မရသလို ယာဉ်အတွင်းပိုင်းတွေကိုလည်း အမြဲတစေ သန့်ရှင်းရေးလုပ်နေရမှာပါ။ အသင်းယာဉ်တွေနဲ့ အများပြည်သူပို့ဆောင်ရေးစနစ်ကိုလည်း အသုံးပြုလို့မရပါဘူး။ ကျန်းမာရေးစစ်ဆေးမှု ဥပဒေပုဒ်မအရ COVID-19 စစ်ဆေးမှုရလဒ် ဗဟိုမှတ်တမ်းတွေကို ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top