ရဲခွေးတစ်ကောင်က ၂ မိုင်ကျော် အကွာအဝေးအထိ အနံ့ခံပြီး ပျောက်ဆုံးကလေးငယ်ကို ရှာဖွေကယ်တင်

7.2.24-yyl-5.jpg

ရဲခွေးတစ်ကောင်ဟာ ၂ မိုင်ကျော် အကွာအဝေးအထိ အနံ့ခံပြီး ပျောက်ဆုံးကလေးငယ်တစ်ယောက်ကို ရှာဖွေကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၃၁ ရက်၊ ည ၈ နာရီခွဲအချိန်မှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ယောက် ပျောက်ဆုံးနေတယ်လို့ အလာဘားမားပြည်နယ်၊ အော်ဘန်းရဲဌာနက အကြောင်းကြားမှု ရရှိခဲ့ပါတယ်။

ရာသီဥတု အလွန်အေးခဲနေတာကြောင့် အရေးပေါ် ရှာဖွေဖို့ ပြင်ဆင်ခဲ့ကြပြီး အော်ဘန်းရဲဌာနမှ တပ်ဖွဲ့ဝင်တွေ၊ မက်ဆာချူးဆက်ပြည်နယ်မှ စစ်သည်တွေကိုပါ ပျောက်ဆုံးကလေးငယ်ရှိရာ ပါကာချောက်တောင်တန်းဆီ စေလွှတ်ခဲ့ကြပါတယ်။ အဲဒီအဖွဲ့ထဲမှာ အရာရှိ လန်ဂရန်နဲ့ ရဲခွေးလေး ကေနိုင်းဘီဇာတို့လည်း ပါပါတယ်။

” ဘီဇာက အနံ့ခံမိပြီး အနံ့ရတဲ့တစ်လျှောက် လိုက်ရှာတယ်။ သူ ခြေရာခံတဲ့ အကွာအဝေးက ၂ မိုင်ကျော် ရှိမယ်။ အဲဒီနေရာ ရောက်သွားတော့ မကြာသေးခင်ကပဲ ဒီနေရာကို ကလေးငယ် ရောက်လာတဲ့ အထောက်အထားတွေ တွေ့လိုက်ရတယ်”လို့ အော်ဘန်းရဲဌာနက ထုတ်ပြန်ခဲ့တာပါ။

ရဲအရာရှိတွေက အဲဒီနေရာတစ်ဝိုက် လိုက်လံရှာဖွေရာမှာ အချိန်တိုအတွင်း ကလေးငယ်ကို တွေ့ခဲ့ကြပါတယ်။ အဲဒီရှာဖွေကယ်တင်မှုမှာ ရဲတပ်ဖွဲ့ဝင်တွေက ကေနိုင်းဘီဇာရဲ့ အရေးပါမှုကို ချီးကျူးဂုဏ်ပြုခဲ့ကြပြီး အားလုံးပူးပေါင်းပါဝင်မှုရဲ့ ရလဒ်လို့ ဆိုကြပါတယ်။

Ref: K9 Tracks Scent For Over 2 Miles To Find Missing Child In Freezing Cold

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top