ကမ္ဘောဇဘဏ်က COVID-19 ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးနိုင်ဖို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ၅၀၀ KVA မီးစက်ကြီး တပ်ဆင်လှူဒါန်း

Image-1_L-R-Daw-Nang-Lang-Kham-from-KBZ-Bank-with-Professor-Dr.-Htay-Htay-Tin-from-the-NHL_Credit-to-KBZ-Bank.jpg

ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် တပ်ဆင်ထားတဲ့ COVID-19 ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးနိုင်မယ့် စက်ကို အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် အရေးတကြီး လိုအပ်နေတဲ့ မီးစက်ကြီးတစ်လုံးကို ဝယ်ယူတပ်ဆင်လှူဒါန်းခဲ့ပါတယ်။ အခုလှူဒါန်းလိုက်သော မီးစက်ကြီးဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအတွင်း COVID-19 နှင့် အခြား စစ်ဆေးရမည့် နမူနာများ သိုလှောင်ရာတွင် အချိန်ပြည့် လည်ပတ်ထားရမည့် သုတေသနလုပ်ငန်းသုံး အအေးခန်းများကဲ့သို့ စက်ကိရိယာများကို လျှပ်စစ်ဓာတ်အားကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ မီးစက်ကြီးတပ်ဆင်ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနရှိ ဓာတ်ခွဲနမူနာ (၁,၄၀၀) ကျော်ကို ၂၄ နာရီအတွင်း COVID-19 ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးနိုင်သည့် COVID-19 ဓာတ်ခွဲစစ်ဆေးစက်ကြီးကိုလည်း လျှပ်စစ်ဓာတ်အား ပေးနိုင်မှာဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်က အထက်ပါ လိုအပ်နေမှုကို သတိပြုမိပြီးနောက် အမေရိကန်နိုင်ငံထုတ် Caterpillar အမျိုးအစား C15 500 kVa Diesel Generator မီးစက်တစ်လုံး၊ အဆိုပါမီးစက်တပ်ဆင်ရန်နှင့် လည်ပတ်နိုင်ရန်အတွက် Auto Transfer System (ATS) နှင့် အခြားလိုအပ်သော ကိရိယာများ၊ စုစုပေါင်း မြန်မာကျပ်ငွေ ၁၂၅ သန်း တန်ဖိုးရှိ အဲဒီစက်ပစ္စည်းများနှင့် စက်ပစ္စည်းတပ်ဆင်ရန်စားရိတ် အသီးသီးတို့ကို လှူဒါန်းခဲ့ပါတယ်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်ပြီး ကမ္ဘောဇဘဏ်၊ KBZ MS General Insurance ၊ KBZ Life Insurance ၊ Myanmar Airways International (MAI) နှင့် Air KBZ တို့က COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအတွက် မြန်မာကျပ်ငွေ (၃.၄) ဘီလီယံကို လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ အခုလို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ မီးစက်နှင့် အခြားဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြင့် စုစုပေါင်း မြန်မာကျပ်ငွေ (၃.၅) ဘီလီယံအထိ တိုးမြှင့်လှူဒါန်းနိုင်ခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top