အာဂျင်တီနို့စ်ဂျူနီယာ (Argentinos Juniors) အသင်းဟာ သူတို့အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဒီယေဂိုမာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ မာရာဒိုနာရဲ့ ရုပ်ပုံဖန်တီးထားတဲ့ လေမှုတ်ရုပ်တု ဥမင်လိုဏ်ခေါင်းတစ်ခု အသုံးပြုခဲ့ပါတယ်။
မာရာဒိုနာဟာ သူ့ရဲ့ကစားသမားဘဝ အစောပိုင်းဖြစ်တဲ့ (၁၉၇၆) ခုနှစ်ကနေ (၁၉၈၁) ခုနှစ်ကြား အာဂျင်တီနို့စ်ဂျူနီယာအသင်းမှာ ကစားခဲ့ပြီး ပွဲစဉ် (၁၆၇) ပွဲ ကစားရာမှာ (၁၁၆) ဂိုးအထိ သွင်းယူနိုင်ခဲ့သူပါ။ အာဂျင်တီနို့စ်ဂျူနီယာအသင်း ဂျာစီဝတ်ဆင်ထားတဲ့ မာရာဒိုနာက လက်သီးဆုပ်ပြီး အောင်ပွဲခံနေတဲ့ပုံစံမျိုး ဖန်တီးထားတဲ့ လေမှုတ်ရုပ်တု ဥမင်လိုဏ်ခေါင်းကို မာရာဒိုနာရဲ့အမည်အဖြစ် El Diego Stadium လို့ အမည်ပေးထားပါတယ်။ အသက် (၁၆) နှစ်အရွယ်မှာ အာဂျင်တီနို့စ်ဂျူနီယာအသင်းနဲ့ ကစားသမားဘဝ စတင်နိုင်ခဲ့တဲ့ မာရာဒိုနာဟာ (၁၉၈၁) ခုနှစ်မှာ ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့ကစားခဲ့သူပါ။
Nz (ရိုးရာလေး)