အမျိုးသမီးတစ်ယောက်ရဲ့ မျက်စိထဲမှာ ပျားအရှင် (၄) ကောင်တွေ့ရှိ

56965551_2324920594205514_1265993102858911744_n.jpg

တရုတ်(တိုင်ပေ)က အမျိုးသမီးတစ်ဦးရဲ့ မျက်စိထဲကနေ သေးငယ်တဲ့ ပျားအရှင် (၄) ကောင် တွေ့ရှိခဲ့ပါတယ်။ ဟီလို့ အမည်ရတဲ့ အမျိုးသမီးဟာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ တရုတ်သင်္ချိုင်းကန်တော့ပွဲအတွက် ဆွေမျိုးသားချင်းတွေရဲ့ အုတ်ဂူတွေမှာ ပေါင်းပင်တွေကို ရှင်းလင်းပေးခဲ့ပါတယ်။ လေပြင်းတစ်ချက်အဝှေ့မှာ သူ့မျက်လုံးထဲ ဖုန်ဝင်သွားသလို ခံစားခဲ့ရပြီး အချိန်တိုအတွင်းမှာပဲ မျက်လုံးအောင့်ပြီး ရောင်ရမ်းလာလို့ ဖူးယင်တက္ကသိုလ်ဆေးရုံမှာ သွားရောက်ပြသခဲ့ပါတယ်။

သူ့မျက်လုံးကို ကြည့်ရှုပေးခဲ့တဲ့ ဆရာဝန် ဟုန်ချီတင်ကတော့ ဟီရဲ့မျက်လုံးထဲကနေ ပျားအရှင်တွေ ဆွဲထုတ်ပေးခဲ့ရလို တုန်လှုပ်သွားခဲ့ပါတယ်။ Halictidae လို့ လူသိများတဲ့ ချွေးစုပ်ပျားငယ်(Sweat bees)ဟာ လူ့ခန္ဓာကိုယ်က ထွက်တဲ့ ချွေးကိုလာရောက်စုပ်ယူတတ်ပြီး သူတို့အတွက် ပရိုတိန်းဓာတ်ပြည့်ဝစေတဲ့ လူ့မျက်ရည်ကိုလည်း သောက်တတ်ကြတယ်လို့ ကန်းဆက်စ်အင်းဆက်ပိုးမွှားအသိုက်အဝန်းရဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top