အမည်မဖော်လိုတဲ့ အလှူရှင်ကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကျောင်းသား/သူတွေ အံ့အားသင့်ခဲ့ရ

17-5-2022-yyl-07.jpg

ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပါမောက္ခချုပ်ရဲ့ ကြေညာချက်ကြောင့် ဝီလေကောလိပ်က ကျောင်းသား/သူတွေအားလုံး အံ့အားသင့် ပျော်ရွှင်ခဲ့ရပါတယ်။ အမည်မဖော်လိုတဲ့ အလှူရှင်တစ်ယောက်က သူတို့အားလုံးရဲ့ ကြွေးကျန်တွေကို ဆပ်ပေးလိုက်ပြီဖြစ်လို့ ကျောင်းသား/သူအားလုံး ကြွေးကျန်ကင်းရှင်းသွားပြီဆိုတဲ့ ကြေညာချက်ပါပဲ။

ကပ်ရောဂါကာလမှာ ကျောင်းသား/သူတွေအနေနဲ့ ကြွေးကျန်တွေဆပ်ဖို့ အခက်အခဲ ရှိခဲ့ပြီး ၂၀၂၂ ပညာသင်နှစ် ကျောင်းသား/သူ အားလုံးရဲ့ ကြွေးကျန်က အမေရိကန်ဒေါ်လာ ၃ သိန်းလောက် ရှိပါတယ်။ အဲဒီကြွေးကျန်အားလုံးကို အမည်မဖော်လိုတဲ့ အလှူရှင်က ဆပ်ပေးခဲ့တာပါ။

အစဉ်အလာအားဖြင့် လူမည်းအများစု ပညာသင်ကြားကြတဲ့ ဝီလေကောလိပ်ဟာ ကျောင်းသား/သူတွေ အဆင်ပြေစေဖို့အတွက် ပြီးခဲ့တဲ့နှစ်ကစပြီး သင်တန်းကြေးလျှော့ချပေးခဲ့ပါတယ်။

Ref: Goodnews ” Anonymous Donor Pays Off Student Debt for Entire 2022 College Class in Texas”

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top