အမ်ဘာပေ၊ နေမာ၊ ဒီမာရီယာတို့ အပါအဝင် ပီအက်စ်ဂျီ ကစားသမား (၇) ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

8-9-2020-yyl-006.jpg

ပြင်သစ်အသင်းအတွက် နိုင်ငံတကာပွဲစဉ် ကစားပေးခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ အမ်ဘာပေဟာ ပြီးခဲ့တဲ့ စနေနေ့က ဆွီဒင်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့သူပါ။ ပြီးခဲ့တဲ့တနင်္လာနေ့ နံနက်ပိုင်းက ရောဂါစစ်ဆေးမှု ခံယူချိန်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့လို့ သီးသန့်ခွဲခြားခဲ့ပါတယ်။

အသက် ၂၁ နှစ်ရှိတဲ့ အမ်ဘာပေဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ ၇ ယောက်မြောက် ပီအက်စ်ဂျီ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူတွေထဲမှာ နေမာ၊ ဒီမာရီယာ၊ ပါရီဒက်စ် စတဲ့ ကစားသမားတွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ပီအက်စ်ဂျီဟာ လာမယ့်ကြာသပတေးနေ့မှာ လီဂူး-၁ ရာသီသစ် ပထမဆုံးပွဲစဉ် ကစားရဖို့ ရှိနေပေမဲ့ အဓိကကစားသမား တော်တော်များများကတော့ ကိုဗစ်-၁၉ ရောဂါပိုးရှိနေလို့ ပါဝင်နိုင်ဖွယ် မရှိပါဘူး။ နေမာ၊ ဒီမာရီယာနဲ့ ပါရီဒက်စ်တို့ ၃ ယောက်ဟာ စပိန်နိုင်ငံ၊ အိုင်ဘီဇာကမ်းခြေကို အားလပ်ရက် အပန်းဖြေခရီးထွက်ပြီး ပြန်ရောက်လာချိန်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရတာပါ။

Ref: CNN “Kylian Mbappe tests positive for Covid-19 while playing with France”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top