အသင်းသမိုင်းတစ်လျှောက် ပျမ်းမျှအသက်အငယ်ဆုံးအသင်းကို ပွဲထုတ်ခဲ့တဲ့ လီဗာပူး

yyl-015-3.jpg

ရှရူးဘယ်ရီတောင်းအသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား စတုတ္တအဆင့် ပြန်ကန်ပွဲမှာ လီဗာပူးအသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းဟာ အသင်းသမိုင်းတစ်လျှောက် ပျမ်းမျှအသက်အငယ်ဆုံး ဖြစ်ခဲ့ပါတယ်။ လီဗာပူးအသင်း စီနီယာကစားသမားတွေနဲ့ နည်းပြဂျာဂန်ကလော့က ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီအားလပ်ရက်မှာ အနားယူနေလို့ ရှရူးဘယ်ရီတောင်းနဲ့ပွဲစဉ်မှာ ယူ-၂၃ နည်းပြ နေးလ်ခရစ်ချ်လေက လူငယ်အသင်းကို ဦးဆောင်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ လီဗာပူးအသင်း ပွဲထွက်ကစားသမားစာရင်းရဲ့ ပျမ်းမျှအသက်က (၁၉)နှစ်နဲ့ (၁၀၂)ရက်ပဲ ရှိပါတယ်။ ဒါဟာ အက်စတွန်ဗီလာကို (၅)ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်က ပွဲထွက်ကစားသမားစာရင်းရဲ့ ပျမ်းမျှအသက်အရွယ်(၁၉ နှစ်၊ ၁၈၂ ရက်)ထက် ပိုပြီးငယ်ရွယ်ခဲ့ပါတယ်။

စီနီယာကစားသမား(၂၂)ယောက် မပါဝင်နိုင်သလို နည်းပြဂျာဂန်ကလော့လည်း ကြီးကြပ်ခဲ့ခြင်းမရှိဘဲ အက်ဖ်အေဖလား ပဥ္စမအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တဲ့ လီဗာပူးလူငယ်အသင်းကို ပွဲကြည့်စင်တစ်ခုလုံး မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာပေးခဲ့ကြပါတယ်။ လီဗာပူးဟာ အခုပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ ဝီလျံရဲ့ OG ဂိုးကြောင့် (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ အက်ဖ်အေဖလား ပဥ္စမအဆင့်မှာတော့ လီဗာပူးနဲ့ ချဲလ်ဆီးအသင်း ယှဉ်ပြိုင်ရမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top