ရော်နယ်ဒို မပါလို့ တရားစွဲဆိုခဲ့တဲ့ ဘောလုံးပရိသတ်နှစ်ယောက် လျှော်ကြေးရရှိ

yyl-016-1.jpg

ဂျူဗင်တပ်အသင်းရဲ့ ခြေစမ်းပွဲမှာ ကြေညာထားတဲ့အတိုင်း တိုက်စစ်မှူး ရော်နယ်ဒို မပါဝင်ခဲ့လို့ ပွဲစီစဉ်သူကို တရားစွဲဆိုခဲ့တဲ့ တောင်ကိုရီးယား ဘောလုံးပရိသတ်နှစ်ယောက်ဟာ လျှော်ကြေးရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လက K-League All-Star အသင်းနဲ့ ဂျူဗင်တပ်အသင်း ခြေစမ်းပွဲကစားရာမှာ ရော်နယ်ဒိုအနေနဲ့ အနည်းဆုံး (၄၅)မိနစ် ပါဝင်ကစားမယ်လို့ ပွဲစီစဉ်သူတွေက ကြေညာခဲ့ပေမဲ့ တကယ်တမ်းပွဲကစားချိန်မှာ ရော်နယ်ဒိုက အရန်ခုံမှာပဲ ရှိနေခဲ့ပြီး ပါဝင်ကစားခဲ့ခြင်းမရှိပါဘူး။ အဲဒီအတွက် တောင်ကိုရီးယားပရိသတ်နှစ်ယောက်က ပွဲစီစဉ်တဲ့ကုမ္ပဏီ(The Fasta) ကို တရားစွဲဆိုခဲ့ကြပါတယ်။

The Fasta ကုမ္ပဏီအနေနဲ့ ပရိသတ်နှစ်ယောက်ကို နစ်နာကြေး ဝမ် ၃၇၁,၀၀၀(ပေါင် ၂၄၀)ပေးဖို့ တောင်ကိုရီးယားတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ စိတ်အလိုမကျဖြစ်ခဲ့ရလို့ နစ်နာကြေး ဝမ် ၃၀၀,၀၀၀(၁၉၄ ပေါင်) ထည့်သွင်းပေးထားတယ်လို့ တရားလိုရှေ့နေက ပြောပါတယ်။ တရားလိုရှေ့နေ ကင်မင်ကီဟာ အဲဒီပွဲစဉ်နဲ့ပတ်သက်ပြီး တခြားတိုင်ချက် ၈၇ ခုကိုလည်း ကိုယ်စားပြုနေတဲ့ ရှေ့နေဖြစ်ပါတယ်။ ရော်နယ်ဒို ပါဝင်မယ်လို့ ကြေညာထားတဲ့အတွက် အဲဒီပွဲစဉ်ရဲ့ လက်မှတ် ၆၅,၀၀၀ က (၃)နာရီ မပြည့်ခင် ရောင်းကုန်သွားခဲ့ပါတယ်။ ဒါပေမဲ့ ရော်နယ်ဒို မပါဝင်ခဲ့လို့ ပရိသတ်တွေ ဒေါသထွက်ခဲ့ပြီး သူ့ရဲ့ပြိုင်ဘက် မက်ဆီရဲ့အမည်ကို အော်ဟစ်ခဲ့ကြပါတယ်။ အဲဒီဖြစ်ရပ်မှာ ဂျူဗင်တပ်အသင်းက စာချုပ်ချိုးဖောက်ရာရောက်လို့ K-League ကလည်း ဂျူဗင်တပ်ထံ စာပို့ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top