ရီးရဲလ်အသင်း လေ့ကျင့်ရေးကွင်းကို လာရောက်ဖို့ မက်ဂရီဂေါ်ကို ရာမို့စ် ဖိတ်ခေါ်

112409816_3318069628236266_2578155753482807603_o.png

သိုင်းပေါင်းစုံကစားသမား မက်ဂရီဂေါ်က အင်စတာဂရမ်ပေါ်မှာ သူ့ရဲ့ဘောလုံးစွမ်းရည် ပြသခဲ့ပြီးနောက်မှာတော့ ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်က မက်ဂရီဂေါ်ကို ရီးရဲလ်အသင်း လေ့ကျင့်ရေးကွင်းထံ လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ရာမို့စ်ဟာ ရီးရဲလ်အသင်း လေ့ကျင့်ရေးအစီအစဉ်မှာ ဂိုးသွင်းပြပြီးနောက် မက်ဂရီဂေါ်ရဲ့ နာမည်ကျော် အောင်ပွဲခံမှုပုံစံမျိုးလုပ်ပြပြီး တွစ်တာစာမျက်နှာကနေ မက်ဂရီဂေါ်ကို ဖိတ်ခေါ်ခဲ့တာပါ။ မက်ဂရီဂေါ်က အင်စတာဂရမ်ပေါ်မှာ ဂိုးပေါက်ကန်ချက် ဗီဒီယိုဖိုင်တွေ တင်ပြီး သူ့ရဲ့ခြေစွမ်းကို ဘယ်လိုသဘောရလဲလို့ ရာမို့စ်ကို မေးမြန်းခဲ့ပြီးနောက် သူတို့နှစ်ယောက် အွန်လိုင်းမှာ မိတ်ဆွေဖြစ်ခဲ့ဖွယ်ရှိခဲ့ပါတယ်။

မက်ဂရီဂေါ်ရဲ့ မေးမြန်းမှုနဲ့ပတ်သက်ပြီး ရာမို့စ်က ” ထိပ်တန်းခြေစွမ်းပဲ ကိုယ့်လူရေ၊ ရီးရဲလ်အသင်း လေ့ကျင့်ရေးအစီအစဉ်ကို သဘောကျလား၊ မင်းလာမယ်ဆိုရင် အချိန်မရွေး ဖိတ်ခေါ်ပြီးသားပါပဲ”လို့ ရေးသားခဲ့ပါတယ်။ မက်ဂရီဂေါ်ကလည်း ” ကျေးဇူးတင်ပါတယ်။ အစ်ကိုရေ။ နောက်တစ်ခါ မက်ဒရစ်မြို့ကို ရောက်ဖြစ်ခဲ့ရင်တော့ (ရီးရဲလ်အသင်း လေ့ကျင့်ရေးကွင်းကို)ဂုဏ်ယူစွာနဲ့ အရောက်လှမ်းခဲ့ပါဦးမယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။ အသက် ၃၂ နှစ်ရှိတဲ့ အိုင်ယာလန်သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်ဟာ ၂၀၁၇ ခုနှစ်က မေဝယ်သာကို ရှုံးနိမ့်ခဲ့တဲ့ လက်ဝှေ့ပွဲအပြီးမှာ သိုင်းပေါင်းစုံ ကစားသမားအဖြစ်ကနေ အနားယူခဲ့ပေမဲ့ အခုနှစ်အစောပိုင်းက UFC 246 ပြိုင်ပွဲမှာ ဒေါ်နယ်ဆီရိုနီကို အနိုင်ယူခဲ့သူပါ။ ဒါပေမဲ့ အဲဒီနောက်မှာ သိုင်းပေါင်းစုံကစားသမားဘဝကနေ အနားယူခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ မက်ဂရီဂေါ်ဟာ မန်ယူအသင်း ပရိသတ်တစ်ယောက်ဖြစ်ပြီး အိုင်ယာလန်ကွင်းလယ်လူဟောင်း ရွိုင်ကိန်းကို လေးစားအားကျသူလို့ ပြောခဲ့ဖူးပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top