အလုပ်တွင်မိနစ် ၂ဝ ခန့်အိပ်စက်ခြင်းက ပြန်နိုးလာချိန်မှာအလုပ်တွေကို ပိုပြီးစေနိုင်

after-work-nap.jpeg

လူတိုင်း လုပ်ငန်းခွင်မှာပင်ပန်းမှုတွေကိုတွေ့ကြုံရတာသဘာဝပါပဲ။

အထူးသဖြင့် နေ့လည် ၂နာရီ ဝန်းကျင်မှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာခဏတဖြုတ် မှေးစက်သင့်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ တစ်နေကုန် တက်တက်ကြွကြွ အလုပ်မလုပ်နေနိုင်ပါဘူး။ လူတွေ တက်ကြွမှုရှိတတ်တဲ့ အချိန်တွေကတော့ နံနက် ၇နာရီနှင့် ၈နာရီ၊ နံနက် ၁၁နာရီနှင့် ၁၂နာရီတို့နဲ့ ညနေ ၆နာရီနှင့် ၇နာရီအချိန်များပဲ ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ လည်းလူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူညီတတ်ကြပါဘူး။ အိပ်ခဲ့တဲ့အိပ်ချိန် ပမာဏ၊ စားခဲ့တဲ့ အစားအစာနဲ့ လေ့ကျင့်ရတဲ့ပုံစံအတက်အကျလိုက် သင့်ရဲ့တက်ကြွမှုပုံစံဟာလည်းမြင့်လိုက်၊ နိမ့်လိုက် ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ ခဏတဖြုတ် မမှေးစက်ရချိန်တိုင်းမှာဇီဝဗေဒခန္ဓာကိုယ်နဲ့ တိုက်ခိုက်နေရပြီး လူကပင်ပန်းနေမှာပါ။ လူအများစုဟာတစ်နေ့တာရဲ့ နေ့လယ်ပိုင်းအချိန်အတွင်းမှာ ပင်ပန်းနွမ်းနယ်တတ်ကြပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်းကြောင့် သက်တောင့်သက်သာမဖြစ်ဘဲ ခန္ဓာကိုယ်ကစိတ်ပြေလက်ပျောက် အပန်းဖြေမှုကိုလိုအပ်တတ်ကြပါတယ်။

ခဏတဖြုတ်မှေးစက်ခြင်းသည် ရိုးစင်းပါတယ်။

အများအားဖြင့် လူတွေ အားအင်အကုန်ခန်းဆုံးအချိန်ကနေ့လည် ၁နာရီမှ ၃နာရီအကြား ဖြစ်ပါတယ်။ ဒီအချိန်ကနေ့လည်စာစားပြီးချိန်လောက် ဖြစ်ပါတယ်။ နေ့လည်စာစားပြီးခဏတဖြုတ် မှေးစက်အနားယူခြင်းကပိုပြီး နိုးကြားတက်ကြွစေကာခွန်အားရှိစေပါတယ်။

နေ့ဘက်မှာ ဘာကြောင့် ခဏတဖြုတ်အိပ်စက်သင့်သလဲ။

ခဏတဖြုတ် မှေးစက်ခြင်းဟာ စဉ်းစားဉာဏ်ကို ပိုမိုဖြည့်တင်းပေးနိုင်ပြီး နံနက်ခင်းအချိန်မှာလို လူဟာလန်းဆန်းတက်ကြွမှုကိုခံစားရစေပါတယ်။ ခန္ဓာကိုယ်ဟာအားအင်ဖြည့်ဖို့ လိုအပ်လာပြီဆိုရင် အားဖြည့်သွင်းဖို့ လိုအပ်ပါတယ်။ ခဏတဖြုတ် မမှေးစက်ရတဲ့အခါမှာ ခန္ဓာကိုယ်ဟာအိပ်ချင်တဲ့စိတ်နဲ့ နပန်းလုံး တိုက်ခိုက်နေရမှာပဲ ဖြစ်ပါတယ်။ အလုပ်တွေများပြီးအလုပ်စားပွဲမှာထိုင်နေရပေမဲ့ အလွယ်ကူဆုံးအလုပ်တွေတောင် ပြီးစီးဖို့အတွက် ပိုပြီးအချိန်ကြာနေပါလိမ့်မယ်။ အနည်းငယ် စိတ်တို၊ စိတ်မရှည်သလိုခံစားနေရပြီးအဆင်မပြေတဲ့ အချိန်ကိုရရှိမှာ ဖြစ်ပါတယ်။ မိနစ်၂ဝခန့်သာမှေးစက်လိုက်ခြင်းဖြစ်ပေမဲ့ နိုးလာတဲ့အချိန်တိုင်းမှာ လန်းဆန်းတက်ကြွမှုကိုရရှိစေနိုင်မှာပါ။ အချိန်တိုလေးနဲ့ အလုပ်တွေ ပြီးစီးနိုင်ပြီးတစ်နေ့တာရဲ့ ကျန်ရှိနေတဲ့ အချိန်တွေမှာလည်းပိုမိုကောင်းမွန်တဲ့ အမြင်တွေကိုခံစားရစေပါတယ်။ မှေးစက်ခြင်းဟာအလုပ်တွေကိုအကောင်းဆုံး ပြီးမြောက်နိုင်စေဖို့ လုပ်ဆောင်သင့်တဲ့ reset ချတဲ့ ခလုတ်တစ်ခုလိုပဲ ဖြစ်ပါတယ်။ ၁၅ မိနစ် မိနစ်၂ဝ ခန့် မှေးစက်ခြင်းကြောင့် အံ့ဩစရာကောင်းတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ အချိန်အကြာကြီးမှေးစက်ခြင်းကတော့ ကိုယ့်ရဲ့အိပ်ချိန်ပုံစံကိုလုံးဝပြောင်းလဲသွားစေပြီးပိုမိုအင်အားကုန်ခန်းသွားစေနိုင်ပါတယ်။ ဒါကြောင့် မိနစ်၂ဝခန့်ဆိုလုံလောက်ပါတယ်။ မိနစ် ၂ဝမှေးစက်ခြင်းက ကဖင်းဓာတ် ၂ဝဝမီလီဂရမ်နဲ့ ပုံမှန် Espresso နှစ်ခွက်ထက် ပိုကောင်းတဲ့ စွမ်းအင်တွေကို ရရှိစေနိုင်ပါတယ်။

HtetHtet Tin Zar (ရိုးရာလေး)

Ref : Knowledge : A 20-Minute Nap at Work Makes You Awake and Productive the Whole Day

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top