K-Drama ပရိသတ်ဖြစ်ဖို့ မလွယ်ကူတဲ့အကြောင်းရင်း (၁ဝ) ချက်

tumblr_nwtm1zsT0A1rd3n1yo2_1280.jpg

Kdrama ပရိသတ်ဖြစ်ဖို့ဆိုတာမလွယ်ဘူးလေနော်။

ဇာတ်လမ်းတွဲတွေကိုအပင်ပန်းခံအဆုံးထိကြည့်ပြီးအားပေးရတာလေ။ဒါကိုတောင်သူငယ်ချင်းတွေက နောက်ပြောင်ပြီးစမယ်ဆိုရင် တော့ဒီအချက်လေးတွေပြောပြလိုက်ပါနော်။

၁။ ဒုတိယဇာတ်ဆောင်ကိုပိုကြိုက်တဲ့ရောဂါ။

ကိုရီးယားဇာတ်လမ်းတွဲကြည့်တဲ့လူဆိုရင်တော့ဒီလိုခံစားချက်ဖြစ်ဖူးမှာပါ ။ဥပမာ- “She was pretty” ဇာတ်လမ်းတွဲမှာဆို အဓိက ဇာတ်ဆောင်ထက် Choi Siwon ကိုပိုကြိုက်တာမျိုး၊the“Heirs”ဇာတ်လမ်းတွဲမှာဆိုKimWooBinကို LeeMinHo ထက်ပိုကြိုက်တာမျိုးပေါ့။ဒီလိုမျိုးကကိုရီးယားပရိသတ်တွေမှခံစားဖူးတာပါ။

၂။ မြန်မာစာတန်းထိုးကြည့်ဖို့စောင့်ရတာ။

SNS ကတင်ပေးမယ့် ဇာတ်လမ်းတွဲကိုသာတစ်ပိုင်းချင်းစောင့်ကြည့်ရမယ်ဆို ရင်တော့ အိုပါးရဲ့ဒရာမာကိုကြည့်ရဖို့၂လခွဲလောက်စောင့်ရမှာ။ ဒေါင်းလုပ်ဆွဲပြီးကြည့်ပြန်တော့ လည်း Subtitle ကမြန်မာလိုမဟုတ်တော့ ဒုက္ခ။ အဆိုးဆုံးကတော့ ဇာတ်လမ်းကနောက်ဆက်တွဲဘာဖြစ်မလဲရင်တမမကြည့်နေရချိန်မှာ တစ်ပိုင်းပြီးတာနဲ့ နောက်တစ်ပိုင်းလာဖို့စောင့်နေရတာမျိုးပဲ။

၃။ ခံစားချက်မျိုးစုံရတယ်။

နမ်းတဲ့အခန်းမှာတောင် အမေရိကရုပ်ရှင်တွေနဲ့မတူဘဲကိုရီးယားတွေက တမျိုးလေးခံစားရစေတယ်။ ကိုရီးယားဒရာမာတွေရဲ့မင်းသား ၊မင်းသမီးချစ်ကြိုက်ကွဲညားခန်းတွေကခံစားမှုပြင်းပြင်းပေးလို့ ရင်ထဲအသည်းထဲထိခံစားလို့ရတယ်ပေါ့။

၄။ နောက်ဆက်တွဲဘာဖြစ်မလဲသိချင်တဲ့အခါ။

ဒါကတော့စာရေးဆရာတွေကျွန်တော်တို့ကိုဖမ်းစားထားတဲ့အရာပေါ့။တစ်ပိုင်းပြီးရင် နောက်တစ်ပိုင်းကဘာဖြစ်မလဲအရမ်းကြည့်ချင်နေအောင်ဇာတ်အိမ်ကိုဖန်တီးထားတာပါ။တခါတလေသွားတိုက်ရင်း၊ မနက်စာစားရင်းတောင် ဇာတ်လမ်းတွဲအကြောင်းတွေးနေရတာပါ။နမ်းတဲ့အခန်းကအလယ်လောက်မှာလာပြီး ဇာတ်သိမ်းပိုင်းမှာမပါတော့ရင် ဒါဘာကြောင့်လဲလို့တောင်လိုက်တွေးတာမျိုး။

၅။ အာရုံစွယ်စုံရခြင်း

ဒါကတော့မလွယ်ဘူး။ကိုရီးယားကားကြည့်ရင်း တခြားအရေးကြီးတာတွေ တပြိုင်တည်းလုပ်ရတာလွယ်တာမှမဟုတ်တာ။ဒါပေမယ့် K drama ပရိသတ်တွေကတော့ စူပါဟီးရိုးတွေဆိုတော့အေးဆေး။အိမ်အလုပ်တွေ ၊ ကျောင်းစာတွေလုပ်ရင်း ဇာတ်လမ်းတွဲတွေလည်းတစ်ပိုင်းပြီးတစ်ပိုင်းပြီးအောင်ကြည့်ဖို့ဆိုတာလူတိုင်းမလုပ်နိုင်ဘူးလေ။

၆။ ချစ်သူရွေးဖို့စံတစ်ခုထားတတ်လာခြင်း။

ကိုရီးယားကားတွေကြည့်တာများလာတော့ကိုယ်က ဘယ် ယောက်ျားလေး မျိုးဆိုရင်ကိုယ့်စရိုက်နဲ့အဆင်ပြေမယ်၊ ဘယ်လို စတိုင် နဲ့ ကောင်လေးဆိုကိုယ်နဲ့လိုက်မယ်ကြည့်တတ်လာရော။ ကိုရီးယားကားတွေကြည့်တာ များလာတော့တော်ရုံတန်ရုံကောင်လေးတွေကိုယောက်ျားလေး လို့မမြင်တော့ဘူး။

၇။ အစားမက်လာခြင်း။

ကိုရီးယားဇာတ်လမ်းတွဲထဲကမင်းသား ၊မင်းသမီးတွေ အရသာရှိရှိစားပြနေတာမြင်ရင်ကိုယ်ပါဗိုက်ဆာလာရော။ သူတို့လိုစားချင်စိတ်တွေပါဖြစ်လာတာ။ ကင်ချီ၊ ဆိုဂျူ ၊ ထမင်းလိပ် နှင့် တခြားကိုရီးယားအစားအစာတွေက အခုဆို ကိုယ်တွေနိုင်ငံမှာမှိုလိုပေါက်ရလာတဲ့အထိကိုအောင်မြင်လာတာပါ။

၈။ အိပ်ဖို့တောင်မေ့နေခြင်း။

ကိုရီးယားဇာတ်လမ်းတွဲကစကြည့်ပြီဆိုတာနဲ့ရပ်လိုက်လို့မရဘူး။ ခံနိုင်ရည်မရှိတဲ့သူတွေပဲအိပ်သွားကြတာ။ ကိုရီးယားကားကိုစကြည့်ပြီဆိုတာနဲ့ မိုးလင်းပေါက်ကြည့်အောင်ကိုဆွဲဆောင်ထားတာပါ။ ၉။ ဇာတ်သိမ်းပိုင်း ကိုယ်အရမ်းကြိုက်တဲ့ ဇာတ်လမ်းတွဲက ဇာတ်သိမ်းပိုင်းကို ရောက်လာတဲ့အခါတစ်ခုခုကိုဆုံးရှုံးရတော့မလိုမျိုး ခံစားရတယ်။ ဇာတ်လမ်းတွဲပြီးသွားတော့လည်းရင်ထဲမှာဟာတာတာကြီးဖြစ်ပြန်ရော။ ဒါတင်မကပါဘူး။ နောက်အပိုင်းသစ်ဘာထွက်မလဲပါတခါတည်းရှာပြီး ရယ်ဒီစောင့်နေတာမျိုးပါ။

၁ဝ။ အခက်ခဲဆုံးပြသနာ

ဒီလောက်ကြိုးစားကြည့်တော့မပင်ပန်းဘူးလား မကြည့်နဲ့တော့လို့ပြောလည်း KDrama ပရိသတ်တွေက no လို့ပဲငြင်းမှာပါ။ အချိန်ကုန်ရကျိုးနပ်သလိုပျော်ရွှင်မှုတွေပေးတဲ့အပြင် ဘဝသင်ခန်းစာတွေပါပေးတယ်လေ။ မိသားစုတွေ နဲ့ သင့်သူငယ်ချင်းတွေက သင်ဘယ်လောက်ကြိုးစားကြည့်ရလဲဆိုတာ မသိလည်းစိတ်မပူပါနဲ့။ ကျွန်မကတော့ အပြည့်အဝနားလည်ပေးနိုင်ပါတယ်။ May Moe (ရိုးရာလေး)

Ref : Kdrama : Reasons Kdrama Fans Can’t Chill #MM_yyl #Entertainment_yyl

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top