ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ဖို့ စဉ်းစားခဲ့ဖူးတယ်လို့ ဒီယွန်တေးဝှိုက်ဒါ ပြော

yyl-024-18.jpg

တချိန်တုန်းက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်သတ်ဖို့ စဉ်းစားခဲ့ဖူးတယ်လို့ WBC ဟဲဗီးဝိတ်ချန်ပီယံ ဒီယွန်တေးဝှိုက်ဒါက ပြောပါတယ်။ ၂၀၀၅ ခုနှစ်မှာ သူ့ရဲ့သမီးဖြစ်သူက ကျောရိုးမူမမှန်တဲ့ အခြေအနေနဲ့ မွေးဖွားလာခဲ့လို့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်လို့ ဒီယွန်တေးဝှိုက်ဒါက ပြောပါတယ်။ ”ကျွန်တော်တို့အားလုံး အတိတ်ဇာတ်လမ်းတွေ ရှိပါတယ်။ လူတိုင်းလူတိုင်းအတွက် ဒီနေ့ အခြေအနေ ရောက်စေတဲ့ နေရာတစ်ခု ရှိခဲ့ဖူးပါတယ်။ ကျွန်တော့်အသက် ၁၉ ၊ ၂၀ လောက်တုန်းက ကျွန်တော့်ဘဝမှာ တော်တော်ခက်ခဲတာတွေ ကြုံခဲ့တယ်။ အဲဒီအချိန်မှာ သမီးက ကျောရိုးမူမမှန်တဲ့ အခြေအနေနဲ့ မွေးလာခဲ့တယ်။

လူငယ်တစ်ယောက်အနေနဲ့ စစ်မှန်တဲ့ လောကကြီးထဲမှာ ရှင်သန်နိုင်ဖို့ ကြိုးစားခဲ့ရတယ်။ ကျွန်တော်က ရည်မှန်းချက်တွေ၊ အိပ်မက်တွေ ကြီးမားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရင်တစ်ပါးလို့ ခံယူထားတာပါ။ဒါပေမဲ့ တခါတရံကျရင် ဘဝမှာ နိမ့်ကျတဲ့ အခြေအနေတွေရှိတယ်။ ကျွန်တော့် သေနတ်တစ်လက်ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်။ အဲဒီလိုလုပ်လိုက်ရင် ဘာတစ်ခုမှ စိုးရိမ်ပူပန်စရာမလိုတော့ဘူး။ လက်ရှိကြုံနေရတာတွေ အဆုံးသတ်သွားမယ်”လို့ ဒီယွန်တေးဝှိုက်ဒါက ပြောပါတယ်။ ဒီယွန်တေးဝှိုက်ဒါဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ တိုင်ဆန်ဖျူရီနဲ့ စိတ်မကျေပွဲ ထိုးသတ်ဖို့ ပြင်ဆင်နေပါတယ်။ တိုင်ဆန်ဖျူရီဟာလည်း စိတ်ကျဝေဒနာ ခံစားခဲ့ရသူပါ။ တိုင်ဆန်ဖျူရီဟာ စိတ်ကျဝေဒနာကို ၃ နှစ်ကြာ ခံစားခဲ့ရလို့ ပေါင်ချိန် ၄၀၀ အထိ ဖြစ်သွားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top