စပါးကွင်းလယ်လူ အဲရစ်ဆင်ကို အင်တာမီလန်အသင်း ခေါ်ယူ

yyl-025-13.jpg

စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ စပါးကွင်းလယ်လူ အဲရစ်ဆင်ကို ပေါင်(၁၆.၉)သန်းဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက်(၂၇)နှစ်ရှိတဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ အင်တာမီလန်နဲ့အတူ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲရစ်ဆင်နဲ့ စပါးအသင်း ချုပ်ဆိုထားတဲ့ စာချုပ်က အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ စပါးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အဲရစ်ဆင်ကို ရောင်းမထုတ်ဘူးဆိုရင် လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ခွင့်ပေးရမှာဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ စပါးအတွက်(၂၈)ပွဲ ကစားပေးခဲ့သူပါ။

အင်တာမီလန်အသင်းဟာ စီးရီးအေအမှတ်ပေးဇယားမှာ ဂျူဗင်တပ်ထက် (၃)မှတ်နည်းနေပြီး အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။ အင်တာမီလန်ပရိသတ်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ မစောင့်ဆိုင်းနိုင်အောင် ဖြစ်မိတယ်လို့ အဲရစ်ဆင်က ပြောပါတယ်။ အဲရစ်ဆင်ကို ရောင်းထုတ်ခဲ့ရတဲ့ စပါးအသင်းဟာ ဘက်တစ်ကနေ အငှားလာရောက်ကစားနေတဲ့ ကွင်းလယ်လူ လိုဆယ်ဆိုကို ပေါင်(၂၇.၂)သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top