နာပိုလီအသင်းက နည်းပြအန်စလော့တီကို ထုတ်ပယ်

yyl-025-5.jpg

ဂျန့်အသင်းကို ၄ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့ပေမဲ့ နာရီပိုင်းအကြာမှာပဲ နာပိုလီအသင်းက နည်းပြ အန်စလော့တီကို ရာထူးကို ထုတ်ပယ်လိုက်ပါတယ်။ ရာသီအစပိုင်းမှာ နာပိုလီအသင်း ရလဒ်ဆိုးရွားခဲ့လို့ အသင်းဥက္ကဋ္ဌ လော်ရန်တစ်က စီနီယာကစားသမားတွေကို စခန်းသွင်းလေ့ကျင့်ခိုင်းခဲ့ပေမဲ့ ကစားသမားတွေက ငြင်းဆန်ခဲ့ကြလို့ အသင်းပိုင်ရှင်နဲ့ စီနီယာကစားသမားတွေကြား ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

အဲဒီအတွက် နည်းပြအန်စလော့တီလည်း ဖိအားများခဲ့ပါတယ်။ အန်စလော့တီဟာ နာပိုလီနည်းပြအဖြစ် ၇၂ ပွဲ ကိုင်တွယ်ရာမှာ ၃၈ ပွဲနိုင်၊ ၁၉ ပွဲသရေ၊ ၁၅ ပွဲ ရှုံးနိမ့်ခဲ့ပြီး သွင်းဂိုး ၁၂၆ ဂိုး၊ ပေးဂိုး ၇၁ ဂိုး မှတ်တမ်းထွက်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ နာပိုလီက အန်စလော့တီကို ထုတ်ပယ်ခဲ့ပြီးနောက် အေစီမီလန်နည်းပြဟောင်း ဂတ်တူဆိုကို အစားထိုးခန့်အပ်ဖို့ သတင်းထွက်နေပါတယ်။ အန်စလော့တီဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ထုတ်ပယ်ခံခဲ့ရတဲ့ (၆)ယောက်မြောက် နည်းပြ ဖြစ်လာခဲ့ပါတယ်။ နည်းပြလက်မဲ့ဖြစ်နေတဲ့ အာဆင်နယ်အသင်းကတော့ အန်စလော့တီကို ဆက်သွယ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top