မန်ယူအသင်း ချန်ပီယံလိဂ်မဝင်ရင် ပေါ့ဘာ၊ လူကာကူ၊ ဒီဂီယာတို့ အသင်းပြောင်းဖွယ်ရှိ

ff5.jpg

လာမယ့်ရာသီမှာ မန်ယူအသင်း ချန်ပီယံလိဂ်မဝင်ရင် အဓိကကစားသမားတွေဖြစ်တဲ့ ဒီဂီယာ၊ ပေါ့ဘာ၊ လူကာကူတို့ အသင်းပြောင်းဖွယ်ရှိနေတယ်လို့ Guardian သတင်းစာက ဖော်ပြပါတယ်။ အဲဗာတန်ကို (၄) ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက်မှာ မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ဝေဝါးလာခဲ့ပါတယ်။ ပေါ့ဘာကို ရီးရဲလ်နဲ့ ဂျူဗင်တပ်က စိတ်ဝင်စားနေပြီး ဒီဂီယာကိုလည်း ပီအက်စ်ဂျီက စိတ်ဝင်စားနေပါတယ်။

ဒီဂီယာကို စာချုပ်သစ်ချုပ်ဆိုဖို့ မန်ယူအသင်းရဲ့ ကြိုးပမ်းမှုကလည်း မအောင်မြင်သေးပါဘူး။ လူကာကူကလည်း ဆိုးလ်ရှားလက်ထက်မှာ ဦးစားပေးအဆင့် လျှော့ချသတ်မှတ်ခံရလို့ ပွဲကစားခွင့် နည်းပါးလာတာကို မပျော်မရွှင် ဖြစ်နေပါတယ်။ ဆိုးလ်ရှားကလည်း လူငယ်ကစားသမားတွေကို အခွင့်အရေးပေးဖို့ ကစားသမားဘဝ အချိန်နှောင်းပိုင်းရောက်နေတဲ့ ကစားသမားတွေကို ရောင်းထုတ်မယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် မန်ယူအသင်းရဲ့ တချို့ကစားသမားတွေကို ကိုယ့်အခြေအနေမှန် ပြန်မြင်အောင် သုံးသပ်ကြဖို့ ဆိုးလ်ရှားက သတိပေးထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top