Samsung Galaxy Unpacked အခမ်းအနားမှ နောက်ဆုံးပေါ် မျက်နှာပြင်ခေါက်ချိုးစမတ်ဖုန်းသစ်များအား မိတ်ဆက်ပြသ

glaxy.jpg

Samsung Electronics Co.Ltd မှ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်နှင့် လုပ်ဆောင်ချက်များဖြင့် နောက်ဆုံးပေါ် Galaxy Z Flip4 နှင့် Galaxy Z Fold4 မျက်နှာပြင်ခေါက်ချိုးစမတ်ဖုန်း မျိုးဆက်သစ်များအပြင် Galaxy Watch5 / Pro နှင့် Galaxy Buds2 Pro တို့အား သြဂုတ်လ ၁၀ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် “Unfold Your World” Galaxy Unpacked ပွဲတွင် ထုတ်ဖော်ပြသခဲ့သည်။ ခေတ်မီဆန်းသစ်သော ဒီဇိုင်းနှင့်အတူ နောက်ဆုံးပေါ် စမတ်ဖုန်းလုပ်ဆောင်ချက်များ၊ ပိုမိုကြာရှည်ခံနိုင်မှုနှင့် စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာများတွင် ထပ်မံအဆင့်မြှင့်တင်ထားသည့် Samsung ၏ ဤ ခေါက်ချိုးစမတ်ဖုန်းအသစ်များသည် သုံးစွဲသူများ၏ ဘဝကဏ္ဍ အသီးသီးတွင် ပြိုင်ဘက်ကင်းသော စမတ်ဖုန်း အတွေ့အကြုံများကို ယူဆောင်လာပေးနိုင်မည်ဖြစ်သည်။

“နေ့စဉ်နဲ့အမျှ အမြဲတိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုအဆင်ပြေမြန်ဆန်အောင် ဆောင်ရွက်နိုင်ဖို့ သာမန်စမတ်ဖုန်းတွေထက် သာလွန် ကောင်းမွန်တဲ့ ထုတ်ကုန်တစ်ခုကို လိုအပ်လာကြတယ်ဆိုတာ ကျွန်တော်တို့ နားလည်သိရှိထားပါတယ်။ ဒါ့ကြောင့် အခုအသစ်မိတ်ဆက်ပေးခဲ့တဲ့ Samsung ရဲ့ ချိုးခေါက်နိုင်တဲ့ စမတ်ဖုန်းအသစ်တွေကို အကန့်အသတ်မရှိ လုပ်ဆောင်နိုင်စွမ်းတွေ၊ အတွင်းအပြင် စိတ်ကြိုက်ဖန်တီး အသုံးပြုနိုင်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ဖန်တီးပြုလုပ်ထားတာ ဖြစ်ပါတယ်။ မိုဘိုင်းနည်းပညာကဏ္ဍ ရဲ့ ဦးဆောင်ထိပ်တန်း တီထွင်ဖန်တီးမှုတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ခေါက်ချိုးစမတ်ဖုန်းသစ်တွေဟာ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြိုင်ဖက်ကင်း စမတ်ဖုန်းအတွေ့အကြုံတွေကို သုံးစွဲသူတွေ လက်ထဲ အမိအရ ယူဆောင်လာပေးမှာပါ။” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

“ဒီနှစ် Galaxy Unpacked အခမ်းအနားကြီးကနေတဆင့် စမတ်ဖုန်းတွေရဲ့ သမိုင်းကြောင်းကို တစ်ဆစ်ချိုး ပြောင်းလဲပစ်နိုင်ခဲ့ကြောင်း ဂုဏ်ယူစွာနဲ့ ပြောကြားလိုပြီး ကမ္ဘာပေါ်က သန်းပေါင်းများစွာသော နည်းပညာချစ်သူတွေ အတွက် စွမ်းဆောင်ရည်အမြင့်မားဆုံးနဲ့ ပြီးပြည့်စုံမှု အရှိဆုံး ခေါက်ချိုးစမတ်ဖုန်း အသစ်တွေကို မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။”

Z Flip4


အဆင့်မြင့် စမတ်ဖုန်းအတွေ့အကြုံများနှင့် စတိုင်ကျကျ သစ်ဆန်းသည့် ဒီဇိုင်းများအား ကြိုက်နှစ်သက်သူများအတွက် Galaxy Z Flip4 စမတ်ဖုန်းအား ၆.၇” FHD+ Dynamic AMOLED 2X Infinity-O မျက်နှာပြင်နှင့် ၁.၉” Super AMOLED 60 Hz Cover မျက်နှာပြင် များဖြင့် ပိုမိုကျစ်လစ်ပေါ့ပါးပြီး အလွယ်တကူ သယ်ဆောင်သွားနိုင်စေရန် တည်ဆောက်ထားသည်။ ထို့အပြင် ယခင် Galaxy Z Flip3 ထက် ၁၀% ပိုမို မြန်ဆန်သည့် super-fast charging စနစ်၊ 3,700 mAh ဘက်ထရီပမာဏ နှင့် 4nm Snapdragon 8+ Gen 1 processor စသည့် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များဖြင့် Galaxy Z Flip4 စမတ်ဖုန်းအား ထောက်ပံ့ပေးထားသည်။မိုဘိုင်းဓာတ်ပုံရိုက်ကူးမှုအနုပညာကို တဖန်ဆန်းသစ်ပုံဖော်သွားမည့် Galaxy Z Flip4 စမတ်ဖုန်း၏ 12 MP Wide & Ultra Wide ကျောဖက် ကင်မရာနှင့် 10 MP ရှေ့ကင်မရာများမှတဆင့် တစ်မူထူးခြားသည့် quick shot, nightography နှင့် Flexcam လုပ်ဆောင်ချက်များနှင့်အတူ သုံးစွဲသူများ စိတ်တိုင်းကျ စိုပြည်တောက်ပ၍ ကြည်လင်ပြတ်သားသော ဓာတ်ပုံများနှင့် ဗီဒီယိုများကို လည်း ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် Galaxy Z Flip4 ဖုန်း၏ အတွင်းအပြင်ကိုယ်ထည်များအား IPX8 water resistance ရေစိုခံစနစ်၊ Gorilla Glass Victus+ မျက်နှာပြင်နှင့် ဘေးဘောင်၊ ခေါက်ချိုးရာများ၌ Armor Aluminum သတ္တု များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ခိုင်ခံ့မာကြောမှု အရှိဆုံး ခေါက်ချိုးစမတ်ဖုန်း တစ်ခုအဖြစ် ဖန်တီးပြုလုပ်ထားသည်။

Z Fold4

Samsung ၏ အဆင့်အမြင့်မားဆုံးသော Galaxy Z Fold4 စမတ်ဖုန်းသည် များစွာသော လုပ်ငန်းဆောင်တာများအား တပြိုင်နက်ထဲ ဆောင်ရွက်နိုင်မှု၊ အဆင့်မြှင့်တင်ထားသည့် Samsung ၏ နံမည်ကျော် Spen လုပ်ဆောင်ချက်များနှင့် မြင်ကွင်းကျယ် မျက်နှာပြင် အစရှိသည့် ပြီးပြည့်စုံလှသည့် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များအား သုံးစွဲသူများထံသို့ ယူဆောင်လာပေးမည် ဖြစ်သည်။ Galaxy Z Fold4 ခေါက်ချိုးစမတ်ဖုန်းအသစ်တွင် ကျယ်ပြန့်သော ၆.၂” Dynamic AMOLED 2X Infinity-O အပြင်မျက်နှာပြင်နှင့် ဖြန့်လိုက်ပါက ၇.၆” Dynamic AMOLED 2x Infinity Flex အဓိကမျက်နှာပြင်များ (super-fast charging စနစ်ထည့်သွင်းထားအပြင် 4,400 mAh ပမာဏရှိဘက်ထရီ နှင့် 4nm Snapdragon 8+ Gen 1 processor တို့၏ ပူးတွဲလုပ်ဆောင်မှုများသည့် သုံးစွဲသူများ မည်သို့အသုံးပြုသည် ဖြစ်စေ (ဖြန့်ထားခြင်း/ ခေါက်ထားခြင်း) ပြီးပြည့်စုံသော ခေါက်ချိုးစမတ်ဖုန်းတစ်လုံး၏ လုပ်ဆောင်နိုင်မှုစွမ်းရည်များကို အပြည့်အဝခံစားရရှိမည် ဖြစ်သည်။

ထို့အပြင် သုံးစွဲသူများသည် Galaxy Z Fold4 ၏ ရှေ့ဖက်ကင်မရာ 10 MP cover camera နှင့် 4 MP front camera တို့အပြင် စွမ်းဆောင်ရည်မြင့် ကျောဖက်ကင်မရာ သုံးလုံး (12MP Ultra Wide ကင်မရာ၊ 50MP Wide ကင်မရာနှင့် 10 MP Tele ကင်မရာ) တို့အား အသုံးပြု၍လည်း နေ့ညမရွေးပုံရိပ်များကို ပိုမိုကြည်လင်ပြတ်သားစွာ အကောင်းဆုံး ရိုက်ကူး သိမ်းဆည်းသွားနိုင်မည် ဖြစ်သည်။Galaxy Z Fold4 ခေါက်ချိုးစမတ်ဖုန်းသစ်များတွင် အက်ကွဲ‌ကြောင်းအစင်းရာများ၊ မတော်တဆပြုတ်ကျမှုဒဏ်များမှ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ရန် အတွင်းအပြင်မျက်နှာပြင်များအား အကြမ်းခံနိုင်ဆုံးသော Gorilla Glass Victus +၊ armor aluminum metal frame၊ hinge နှင့် IPX8 water resistance တို့ဖြင့် ပေါင်းစပ်တည်ဆောက်ထားသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top